သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာရှိ အမှတ် ၂၃ ကာကွယ်ရေးပစ္စည်းစက်ရုံမှာ တပ်စွဲထားတဲ့ ကန့်ဒေါင့်စခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇူလိုင်လ ၁၉ ရက်ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
အဲ့ဒီ ကန့်ဒေါင့်စခန်းမှာ စစ်သားအင်အား ၆၀ ဦးဝန်းကျင်တပ်စွဲနေပြီး သူတို့ကို မနေ့ည ၇ နာရီကနေစပြီး ၁ နာရီခွဲအကြာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ ဗျူဟာမှူး သခင်ဒေါင်းညိုက ပြောပါတယ်။
ထိတွေ့ပစ်ခတ်မှု ၄ ကြိမ် ဖြစ်ခဲ့ပြီး ဒေသခံတွေပြောပြချက်အရ အဲဒီစခန်းက စစ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို ကာကွယ်ရေးဘက်က ရဲဘော်တဦးလည်း ကျည်ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
"ကပစ တပ်ရင်း ၂၃ က စစ်သားတွေဘက်က လက်နက်ကြီးနဲ့ပြန်ပစ်လို့ ပြည်သူနေအိမ်ခေါင်မိုးပေါ်ကျပြီး အိမ်တလုံးမီးလောင်ဆုံးရှုံးခဲ့တယ်။" လို့ ဗျူဟာမှူး သခင်ဒေါင်းညိုကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့၊ ကျားသစ်နက်ပြောက်ကျားတပ်၊ MRDA တပ်ရင်း ၂၊ ဒေါင်းညီနောင်နဲ့ တိုက်နယ် ၇ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ပုလဲ #ကန့်ဒေါင့်စခန်း #ကပစ၂၃ #တိုက်ခိုက်ခံရ #စစ်သား #PDF
Share Share Share