ကန့်ဘလူနယ်က စစ်အုပ်စုရှိတဲ့ ၂ နေရာကို လက်နက်ကြီးနဲ့ပစ်ခတ်ာ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ပျဥ်းတော်(ပျူရွာ)ကို ဇူလိုင်လ ၁၅ ရက် မနေ့ကမနက် ၈ နာရီလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Myanmar Paladin Force U - 18 တပ်ဖွဲ့ဆီက သိရပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက  ၂ စုခွဲပြီး ၁၂၀ မမ၊ ၁၅၀ မမ၊ ၈၁ မမ၊ ၆၀ မမ စတဲ့လက်နက်ကြီး အလုံး ၄၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ပျူစောထီးဘက်က ထိခိုက်သေဆုံးတာတွေနဲ့ပက်သက်ပြီး စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒီနေရာ ၂ ခုက မီတာ ၃၀၀၀ လောက်ရှိမယ်။ ကျနော်တို့တချိန်တည်းမှာပဲ အဲ့ဒီနေရာ ၂ ခုလုံးကို ပစ်ခတ်ခဲ့တယ်။ ဇီးကုန်းမြို့ထိပ်မှာ သူတို့ (စစ်ကောင်စီ)တွေက အာဏာသိမ်းကတည်းက ဂိတ်ချထားတာ အဲဒီမှာ လူအင်အား ၅၀ လောက်ရှိမယ်” လို့ Myanmar Paladin Force U – 18 အဖွဲ့ခေါင်းဆောင် ဗိုလ်ရသက မြေလတ်အသံကို ပြောပါတယ်။

ကာကွယ်ရေးအဖွဲ့တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတဲ့နောက်မှာတော့ စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို ပျဥ်းတော်ရွာက ပျူစောထီးတပ်ဖွဲ့တွေကလည်း အင်အား ၅၀ လောက်နဲ့ ရွာပြင်ထွက်လာပြီး ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီနေ့ (ဇူလိုင် ၁၅)မှာပဲ ဇီးကုန်းမြို့အုပ်ချုပ်ရေးမှူးဟာ တရပ်ကွက်ကို လူသုံးယောက်နူန်းနဲ့ အစည်းအဝေး တက်ခိုင်းပြီး အစည်းအဝေးမှာ ကလေးတွေကိုကျောင်းထားဖို့နဲ့ PDF ထောက်ပံ့ရင် ဖမ်းမယ်ဆိုတဲ့အကြောင်းတွေကို အဓိကပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Myanmar Paladin Force U – 18 တပ်ဖွဲ့ဟာ ဇူလိုင်လ ၅ ရက်ကလည်း ဇီးကုန်းမြို့ရဲစခန်းရှေ့မှာ ပိုက်ဆံကောက်ခံနေတဲ့ ရဲတပ်ဖွဲ့ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲ ၃ ဦးသေဆုံးပြီး ပြည်သူ ၁ ဦး နဲ့ စခန်းမှူး မိန်းမတဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူမြို့နယ် #ဇီးကုန်မြို့ #ပျဥ်းတော်ရွာ #PDF #လက်နက်ကြီးပစ်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10