သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ပေါ်ကို စစ်ကောင်စီနဲ့ ပျူစောထီး အင်အားရာကျော်ဟာ မနေ့က ရောက်ရှိလာတယ်လို့ ကန့်ဘလူမြို့နယ် ပကဖဆီက သိရပါတယ်။
မနက်ပိုင်းမှာ ရွှေဘိုဘက်ကနေ စစ်ကားအများအပြားနဲ့ ရောက်ရှိလာပြီး မြို့လယ်ခေါင်မှာ ပျူစောထီးခေါင်းဆောင် ဦးဝါသဝအပါအဝင် စစ်တပ်ထောက်ခံသူတွေက ကြိုဆိုခဲ့ကြပါတယ်။
စစ်ကောင်စီတပ်ဘက်က လူအင်အားအများအပြားနဲ့ရောက်လာတာဟာ ကန့်ဘလူမြို့သိမ်းတိုက်ပွဲကို PDF တွေ ဖော်ဆောင်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် မြို့ကို ကာကွယ်ဖို့လာတာဖြစ်နိုင်သလို PDF တွေ စိုးမိုးထားတဲ့နယ်မြေတွေကို စစ်ကြောင်းထိုးဖို့လည်းဖြစ်နိုင်တယ်လို့ ကန့်ဘလူမြို့နယ် ပကဖက ဆိုပါတယ်။
စစ်ကောင်စီအင်အား အများအပြားရောက်လာလို့ ကန့်ဘလူဒေသအတွင်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်ပြီး စစ်တပ်မထောက်ခံတဲ့ ပြည်သူအချို့ကတော့ မြို့ပေါ်တိုက်ပွဲတွေဖြစ်လာမှာစိုးရိမ်ပြီး ကြိုတင်ရှောင်နေသူတွေလည်း ရှိနေတယ်လို့ ကန့်ဘလူမြို့နယ် ပကဖရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကာဘိုးကျေးရွာကို PDF ပူးပေါင်းအဖွဲ့တွေက ဝင်တိုက်လို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီနဲ့ပျူစောထီး ၂၀ ကျော်သေဆုံးသလို ပူးပေါင်းအဖွဲ့တွေဘက်က ၅ ဦးသေဆုံးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်းမှာ ကန့်ဘလူနယ်ထဲ တိုက်ပွဲတွေနဲ့ စစ်တပ်ဘက်က မီးရှို့လို့ ကျေးရွာပေါင်း ၅၀ ခန့်ဟာ မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံ ၂၀,၀၀၀ ကျော်လောက်ဟာ အမြဲတမ်းစစ်ရှောင် နေရပါတယ်။
စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #စစ်ကောင်စီ #ပျူစောထီး #ပကဖ #NUG #PDF #မြို့ပေါ်တိုက်ပွဲ #မြေလတ်သတင်း
Share Share Share