သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ တညောင်တိုက်နယ်ရဲစခန်းနဲ့ ကပစတပ်တွေကို ဓါတ်အားပေးနေတဲ့ မြို့လှဓါတ်အားခွဲစက်ရုံက လုံခြုံရေးစောင့်တပ်သားတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုရှိခဲ့တယ်လို့ သိမ်းဌက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးမှ တာဝန်ခံ တဦးက ပြောပါတယ်။
နိုဝင်ဘာ ၅ ရက်မနက် ၅ နာရီလောက်က အဲ့ဒီနေရာနှစ်ခုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အဖွဲ့ခွဲပြီး ဒရုန်းနဲ့ ဗုံးကြဲခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တညောင်ရဲစခန်းကိုတဖွဲ့၊ ကပစ ၂၁၊ ကပစ ၂၂၊ ကပစ ၂၅ ကို ဓါတ်အားပေးတဲ့ တညောင်ဓါတ်အားခွဲ ရုံကိုတဖွဲ့ နှစ်ဖက်ညှပ်ပြီး ကျနော်တို့လက်နက်ကြီး ၆၀ မမ ၁၅ လုံးနဲ့ ပြိုင်တူပစ်တယ်၊ ကျနော်တို့ ဒရုန်းနဲ့လည်း ဗုံးကြဲချတယ်၊” လို့ သိမ်းဌက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက တာဝန်ခံက ပြောပါတယ်။
တညောင်တိုက်နယ် ရဲစခန်းမှာ ရဲအင်အား ၁၀ ဦးခန့်ရှိပြီး မြို့လှဓါတ်အားခွဲရုံမှာတော့ ကပစ ၂၁ က စစ်သား ၄၀ လောက်လုံခြုံရေးယူထားကာ တနေရာနဲ့ တနေရာက ၃ ဖာလုံလောက်ကွာဝေးတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဓါတ်အားပေးစက်ရုံမှာ လုံခြုံရေးထားတဲ့ ကပစ ၂၁ စစ်ကောင်စီတပ်သားတွေ ထဲက ၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိကာ တညောင်ရဲစခန်းမှာတော့ ကင်းတဲတခု မီးလောင်ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“တညောင်ရဲစခန်းကို ပစ်ခတ်တာက ၁၀ မိနစ်ဝန်းကျင်လောက်ပဲကြာတယ်၊ ဓါတ်အားခွဲရုံကတော့ နာရီဝက်လောက် ကြာတယ်၊ ဓါတ်အားခွဲရုံထဲကတာဝန်ကျတဲ့ **တွေထဲက ၇ ဦးပွဲခြင်းပြီးသေပြီး ဒဏ်ရာရတာ များတယ်လို့တော့ကြားတယ်၊ အရေအတွက်တော့မသိရသေးဘူး၊ တညောင်ရဲစခန်း ကတော့ ထိခိုက်မှုတော့ မသိရဘူး၊ တညောင်ရဲစခန်းရဲ့ ကင်းတဲတခု မီးလောင်ပျက်ဆီးသွားတယ်" လို့ သူက ဆက်ပြောပါတယ်။
ပစ်ခတ်ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေနောက်ကိုလိုက်လာတဲ့ စစ်သားတချို့လည်း မိုင်းနင်းမိခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။ ဒီဖြစ်စဥ်မှာတော့ ထိခိုက်မှုအခြေအနေကို မသိရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တညောင်တိုက်နယ်မှာနေထိုင်တဲ့ ဒေသခံတဦးကလည်း “ဓါတ်အားခွဲရုံမှာ လုံခြုံရေးယူတဲ့ စစ်သား ၇ ဦးသေတယ်၊ တညောင် ရဲစခန်းဘက်တော့မသိဘူး၊ ဒီဘက်မှာက PDF နဲ့ စစ်သားတွေက နေ့တိုင်း ပစ်ခတ်နေကြတာ၊ တညောင်က ဒေသခံတွေကတော့ တိမ်းရှောင်တာတော့မရှိပါဘူး၊ ဒဏ်ရာရတဲ့သူတွေကတော့ တညောင်ဆေးရုံပို့တယ်” လို့ ပြောပါတယ်။
ဓါတ်အားခွဲရုံတိုက်ခိုက်ပြီးနောက်မှာ အဲ့ဒီကနေ ဓါတ်အားပေးနေရတဲ့ တညောင်၊ ဆင်ဖြူကျွန်းနဲ့ စလင်းမြို့နယ်အတွင်းကျေးရွာတွေမှာ ည ၁၀ နာရီလောက်အထိ မီးပျက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုတွေကို သိမ်းဌက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ Chauk Guerrilla Force CFG၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မကွေးတိုင်း ပကဖ ဒရုန်းလက်ရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း တညောင်ဓါတ်အားခွဲရုံမှာ လုံခြုံရေးယူတဲ့ ကပစ ၂၁ က စစ်သားတွေကို သိမ်းဌက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ပုံစာ - တညောင်တိုက်နယ်ရဲစခန်းနဲ့ ဓါတ်အားခွဲစက်ရုံကို တိုက်ခိုက်ဖို့ ပြင်ဆင်နေသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င်များ။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #စလင်း #တိုက်ခိုက် #သေဆုံး
Share Share Share