ကပစ ၁၇ ကစစ်သားတွေ မိုင်းဆွဲခံရပြီး ၈ ဦး သေဆုံး ၄ ဦးဒဏ်ရာရဟုဆို (ရုပ်/သံ)

မကွေးတိုင်း၊ မြို့သစ်မြို့နယ်ရှိ အိုင်မကျေးရွာနဲ့ ဖက်တောရေကျေးရွာအကြားမှာ စစ်ကောင်စီတပ်သားတွေကို မိုင်း ၅ လုံးဆွဲတိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်း၊ ဂဠုန် PDF နတ်မောက်ဆီက သိရပါတယ်။ 

ကပစ ၁၇ က အင်အား ၃၀ ကျော်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို အောက်တိုဘာ ၁၇ ရက် ၇ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၈ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ပြီး ဒီအရေအတွက်ကိုတော့ ဒေသခံတွေရဲ့ပြန်လည်ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့ နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်း၊ ဂဠုန် PDF နတ်မောက် ခေါင်းဆောင် ဗိုလ်အောင်ဒင်က ပြောပါတယ်။ 

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒီမနက်ပိုင်းက မြို့သစ်မြို့နယ်၊ ကွင်းကြီးကျေးရွာကတဆင့် သစ်ပုံရွာနဲ့ အိုင်မရွာကို စစ်ကြောင်းထိုးခဲ့ပြီး ပြန်လာတဲ့လမ်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

မိုင်းဆွဲခံရတဲ့ စစ်သားတွေဟာ အိုင်မကျေးရွာက နွားလှည်း ၃ စီးနဲ့ သေဆုံးအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကိုတင်ပြီး ကပစ ၁၇ ဘက်ကိုသယ်သွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်း၊ ဂဠုန် PDF နတ်မောက်၊ နတ်မောက် ပကဖ နဲ့  နတ်မောက် ၉၀၂ တပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေးတိုင်း #မြို့သစ် #ကပစ၁၇ #မိုင်းဆွဲခံ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10