ကပ်ဘေးမျိုးစုံကြုံတွေ့နေရတဲ့ ဆားလင်းကြီးဒေသခံတွေကို S&C အဖွဲ့က ရိက္ခာတွေထောက်ပံ့နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ဘေး၊ မီးဘေး၊ ရေဘေးသင့်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ဇူလိုင်လ တတိယပတ်မှာ စားနပ်ရိက္ခာတချို့ထောက်ပံ့ပေးခဲ့တယ်လို့ S&C အဖွဲ့ဆီက သိရပါတယ်။

ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာ ၄ ရွာက အိမ်ထောင်စုပေါင်း ၆၀၀ ကျော်ကိုဇူလိုင် ၂၄ ရက်နဲ့ ၂၅ ရက်မှာ ဆန်၊ အသားတု၊ ကော်ဖီ၊ ဆပ်ပြာတွေကို မျှဝေထောက်ပံ့ပေးခဲ့တာပါ။

ဘေးဒုက္ခမျိုးစုံ ကြုံတွေနေရတဲ့ ပြည်သူတွေကို အဓိကထားပြီး S&C အဖွဲ့က ကိုယ်တိုင်စိုက်ပျိုးထားတဲ့ စပါးတွေကနေ ကြိတ်ခွဲထားတဲ့ ဆန်ကို အိမ်ထောင်စုအလိုက် စတင်ထောက်ပံ့နေပြီလို့ S&C အဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။

အဲ့ဒီလို ရေဘေးသင့်ကျေးရွာတွေကို ဆက်လက်ထောက်ပံ့အဖို့အတွက်လည်း S&C အဖွဲ့အနေနဲ့ စိုက်ပျိုးထွက်ရှိလာတဲ့ စပါးတွေကြိတ်ခွဲနေပြီး ပြည်တွင်းပြည်ပအလှူရှင်တွေကလည်း စုပေါင်းပြီး တတ်နိုင်သမျှ လှူဒါန်းနေကြတယ်လို့ သိရပါတယ်။

ယခင်ကလည်း အဲ့ဒီနယ်မှာ ရေတွင်းတူးလို့မရသလို ရေငံတွေထွက်ရှိရာအရပ်ဖြစ်ပြီး မြစ်ရေကိုသာ အားထားသုံးစွဲနေရကာ ဖွံ့ဖြိုးမှုနည်းပါးတဲ့ ကျေးရွာတွေဖြစ်တယ်လို့ S&C တာဝန်ခံက ပြောပါတယ်။

လက်ရှိမှာတော့ မြစ်ရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် တောင်သူတွေ စိုက်ပျိုးထားတဲ့ နှမ်းခင်းတွေလည်း ရေနစ်မြုပ်ပျက်စီးကုန်ပြီး တခြားလုပ်စရာ အလုပ်လည်းမရှိကြဘူးလို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #စစ်ရှောင် #ထောက်ပံ့ #S&C 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10