သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီး မဟာမြိုင်တောရှိ ဘုရားကြီးဝန်းထဲကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီဘက်က လေကြောင်းသုံးပစ်ခတ်ခဲ့တာကြောင့် အဆောက်အဦပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၈ ရက် ဒီနေ့မနက် ၉ နာရီ ၃၅ မိနစ်လောက်မှာ စစ်ကောင်စီရဲ့ Mi 35 ရဟတ်ယာဥ်တစီးက Rocket တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“အဲဒီကျောင်းထဲမှာ သတင်းသုံးနေတဲ့ ဘုန်းကြီးတချို့ နဲ့ ဆရာလေးအချို့ရှိတယ်။ ထိခိုက်မှုတော့ မရှိလိုက်ဘူး။ ဘုရားကြီးဝန်းက အကျယ်ကြီးဆိုတော့ သူတို့ရမ်းပြီးပစ်သွားတာ၊” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း လူထိခိုက်မှုမရှိခဲ့ဘဲ ဘုရားကြီးဝန်းထဲက ကျောင်းဆောင်အချို့ ထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လပထမပတ်အတွင်းမှာလည်း အောင်ချမ်းသာကျေးရွာအနီးက အောက်တောကြီး၊ အောက်တောလေး၊ သက်ကယ်ကျင်း၊ ယုဇလယ်နဲ့ ကင်းရွာတွေဘက်ကိုလည်း စစ်ကောင်စီဘက်က လေကြောင်းသုံးပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကိုထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အလားတူ ဒီမနက် ၁၁ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ကျေးရွာအုပ်စု၊ သပြေသာကျေးရွာမှာ တော်လှန်ရေးအဖွဲ့တွေ အစည်းအဝေးလုပ်နေချိန် စစ်တပ်က ဗုံးကြဲခံတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၅ ဦးသေဆုံးထားပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။
ပုံစာ - လေကြောင်းတိုက်ခိုက်ခံရသည့် ဘုရားကြီးဝန်း။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ကလေး #လေကြောင်းသုံးတိုက်ခိုက် #အဆောက်အဦပျက်စီး #သတင်း
Share Share Share