ကဝမြို့နယ်ထဲမှာ လူဦးရေ ၁,၂၀၀ ထိ စစ်မှုထမ်းစာရင်းယူထားဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကစီစဥ်နေ

ကဝမြို့နယ်ထဲမှာ လူဦးရေ ၁,၂၀၀ ထိ စစ်မှုထမ်းစာရင်းယူထားဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကစီစဥ်နေ

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်းမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကနေ လူဦးရေ ၁,၂၀၀ ထိ စစ်မှုထမ်းစာရင်းယူထားရန် စီစဥ်နေတယ်လို့ ကဝမြို့နယ်ပကဖထံက သိရပါတယ်။

မတ်လဆန်းပိုင်းကစပြီး ရပ်ကွက်၊ ကျေးရွာတွေမှာ စစ်ကောင်စီဗဟိုက သတ်မှတ်ထားတဲ့ လူဦးရေစာရင်းထက် ပိုကောက်ခံခိုင်းထားပြီး လူစားလဲရန်နဲ့ ငွေတောင်းရန် စီစဥ်နေတယ်လို့ ဆိုပါတယ်။

ကဝမြို့နယ်ထဲမှာ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၅၈ အုပ်စုရှိနေပြီး စစ်ကောင်စီ သတ်မှတ်ထားတဲ့ လူအရေအတွက်အရ ၁၆၀ ဝန်းကျင်ခန့်သာ စာရင်းကောက်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်၊ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ ကျေးရွာငယ်လျှင် တရွာကို ၃ ဦးမှ ၅ ဦး၊ ကျေးရွာ၊ ရပ်ကွက်ကြီးလျှင် ၁၀ ဦးမှ ၄၀ ထိ မဲနှိုက်ခိုင်းပြီး စာရင်းရယူနေတာတွေရှိ နေပါတယ်။

" တမြို့နယ်လုံးမှာ ၁၂၀၀ ကနေ ၁၅၀၀ ထိ စာရင်းကောက်ထားဖို့ စီစဥ်ထားတယ်။ လုပ်လည်း လုပ်နေကြပြီ။ အမှန်က ရပ်ကွက်၊ ကျေးရွာ ၁ ခုမှာဆို ၁ ဦးနှုန်းလောက်ပဲ သိထားတာ။ လူစာရင်း ပိုကောက်ခိုင်းထားတာက ပြည်သူတွေကို ဒီကိစ္စထဲမှာပဲ ခေါင်းပေးရှုပ်ထားပြီး ကျန်တာကို စိတ်မဝင်စားနိုင်အောင်လုပ်နေတာလို့ မြင်တယ်" လို့ ကဝမြို့နယ် ပကဖတာဝန်ခံက ပြောပါတယ်။

မဲပေါက်တဲ့လူ၊ စာရင်းပါတဲ့သူတွေအနေနဲ့ စစ်မှုမထမ်းလိုပါက တဦးလျှင် ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၅၀ အထိ အုပ်ချုပ်ရေးမှူအဖွဲ့ထံပေးပြီး လူအစားထိုးလဲလှယ်တာတွေ လုပ်နေရတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ 

စစ်ကောင်စီက လာမယ့်ဧပြီလအတွင်းမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပထမသုတ်အဖြစ် လူဦးရေ ၅,၀၀၀ ကျော် ကို စစ်မှုထမ်းခိုင်းဖို့ စီစဥ်နေပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကဝမြို့နယ် #မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ #စစ်မှုထမ်း #စာရင်းသွင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10