ကဝမြို့နယ် ပကဖက အခြေခံစစ်သင်တန်းအပတ်စဉ် ၅ သင်တန်းဆင်းပွဲပြုလုပ် (ရုပ်/သံ)

ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲပြုကို KNU/KNLA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာ သြဂုတ် ၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

အဲဒီအပတ်စဉ် ၅ သင်တန်းဆင်းပွဲမှာ ရဲဘော် ၄၉ ဦးအနက် ၃၃ ဦး သင်တန်းဆင်းနိုင်ခဲ့ပြီး အဲ့ဒီထဲမှာ  ရဲဘော်၂၉ ဦး၊ ရဲမေ ၃ဦး၊ LGBTQ ၁ ဦး  ပါဝင်တယ်လို့ ကဝမြို့နယ်ပကဖ ပြန်ကြားရေးတာန်ခံက မြေလတ်အသံကို ပြောပါတယ်။ သင်တန်းကာလ ၃ လကြာမြင့်ခဲ့ပြီ မေ ၅ ရက်က စတင်ကာ သြဂုတ် ၅ ရက်မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာပါ။

သင်တန်းကာလမှာ အခြေခံစစ်ပညာရပ်များအပြင် လက်နက်ခဲယမ်းတွေကို လက်တွေ့ပစ်ခတ်တာ၊ ပြင်ဆင်ထိန်းသိမ်းတာ ဆက်သွယ်ရေးနည်းပညာ၊ အချက်ပြနည်းပညာ၊ အရေးပေါ် ရှေးဦးသူနာပြု၊ အရေးပေါ်ဆေးဝါး အသုံးပြုပုံ၊ နိုင်ငံရေးသဘောတရား၊ စစ်သည်တော်တို့ရဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့၊ စည်းမျဉ်းစည်းကမ်း၊ စစ်ပွဲဆိုင်ရာ စည်းမျဉ်းတွေ၊ လူအခွင့်အရေးသင်ခန်းစာနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်း လုပ်ငန်းလမ်းညွှန်တွေကိုပါ သင်ကြားပို့ချပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေး၊ COC၊ Human Rights နဲ့ပတ်သက်တာတွေကို မြို့နယ်တာဝန်ခံနဲ့  KNU အရပ်ဖက်အဖွဲ့အစည်းက အမျိုးသမီးတဦးက သင်ပေးခဲ့တာပါ။ ရှေ့မှာ ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာ အပတ်စဉ်တွေမှာတော့ သင်တန်းသား ၇ ဦးဝန်းကျင်နှုန်းလောက်သာ လျှို့ဝှက်ခေါ်ပြီး သင်ကြားခဲ့ရတာလို့လည်း ကဝမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခု သင်တန်းဆင်းပွဲမှာ ထူးချွန်သင်တန်းသားဆုအနေနဲ့ လက်ဖြောင့်တပ်သားဆု ၃ ဆု၊ ဇွဲဆု ၁ ဆု၊ ဆေးမနားဆု ၆ ဆုနဲ့ ဂုဏ်ပြုဆုကိုပါ ချီမြှင့်ပြီးသင်တန်းသားအားလုံးကို နာရီ၊ ဦးထုပ်တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။

အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို  KNU/KNLA မှ တာဝန်ရှိသူများ၊ ပဲခူးခရိုင်ပကဖ တာဝန်ခံများ၊ မဟာမိတ်တပ်ဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။

တည်ဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကဝပကဖ #အခြေခံစစ်ပညာ #အပတ်စဉ်၅ #သင်တန်းဆင်းပွဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10