ကဝမြို့နယ်ပကဖရဲ့ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

ကဝမြို့နယ်ပကဖရဲ့ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ ကဝမြို့နယ်အခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဥ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို သြဂုတ် ၅ ရက်က KNU/KNLA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

မေ ၅ ရက်ကနေ သြဂုတ် ၅ ရက်အထိ သင်တန်းကာလ ၃ လကြာမြင့်ခဲ့ကာ သင်တန်သား၊ သင်တန်းသူ စုစုပေါင်း ၄၉ ဦးတက်ရောက်ခဲ့ပေမယ့် ၃၃ ဦးသာ သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်နိုင်ခဲ့ကြတယ်လို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။   

သင်တန်းအတွင်း လက်တွေ့ပစ်ခတ်တာ၊ ပြင်ဆင်ထိန်းသိမ်းတာ ဆက်သွယ်ရေးနည်းပညာ၊ အချက်ပြနည်းပညာ၊ အရေးပေါ် ရှေးဦးသူနာပြု၊ အရေးပေါ်ဆေးဝါး အသုံးပြုပုံ၊ နိုင်ငံရေးသဘောတရား၊ စစ်သည်တော်တို့ရဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့၊ စည်းမျဉ်းစည်းကမ်း၊ စစ်ပွဲဆိုင်ရာ စည်းမျဉ်းတွေ၊ လူအခွင့်အရေးသင်ခန်းစာနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်း လုပ်ငန်းလမ်းညွှန်တွေကိုပါ သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ 

သင်တန်းဆင်းပွဲကို သင်တန်းအခြေစိုက်ဒေသရှိ KNU/KNLA မှ တာဝန်ရှိသူတွေ၊ ပဲခူးခရိုင်ပကဖ တာဝန်ခံတွေ၊ မဟာမိတ်တပ်ဖွဲ့တွေက တာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

သင်တန်းဆင်းပွဲမှာ ထူးချွန်သင်တန်းသားဆုအနေနဲ့ လက်ဖြောင့်တပ်သားဆု ၃ ဆု၊ ဇွဲဆု ၁ ဆု၊ ဆေးမနားဆု ၆ ဆုနဲ့ ဂုဏ်ပြုဆုအနေနဲ့ သင်တန်းသားအားလုံးကို နာရီနဲ့ ဦးထုပ်တွေ ချီးမြှင့်ပေးခဲ့တယ်လို့ ကဝမြို့နယ် ပကဖ ပြန်ကြားရေး ဆီကသိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကဝ #စစ်သင်တန်းဆင်းပွဲ #သတင်း #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10