ကဝမြို့နယ် PDF ရဲ့ အပတ်စဥ် (၅) အခြေခံစစ်သင်တန်းစတင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kawa People Defense Force - Kawa PDF ရဲ့ အပတ်စဥ် (၅) အခြေခံစစ်သင်တန်းဖွင့်ပွဲ ကို မေ ၅ ရက်က တောတွင်းတနေရာမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

က၀မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ အခြေခံစစ်သင်တန်းမှာ အမျိုးသမီးရဲဘော် ၃ ဦး အပါအဝင် အသက် ၁၈ ကနေ ၄၀ ကျော်အထိ စုစုပေါင်းရဲဘော် ၄၀ ကျော်ပါ၀င်တယ်လို့ ဆိုပါတယ်။

သင်တန်းကာလကိုတော့ ရက် ၇၀ သတ်မှတ်ထားပြီး လိုအပ်ချက်အရ ရက် ၉၀ အထိ တိုးမြှင့်သင်ကြားသွားဖို့ရှိတယ်လို့လည်း က၀မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ တာ၀န်ခံ ကိုကျော်နိုင်က ပြောပါတယ်။

ဒါ့အပြင် သင်တန်းပြီးမြောက်တဲ့အခါမှာ စံပြရဲဘော်ဆု၊ လက်ဖြောင့်တပ်သားဆု၊ အမိန့်နာခံဆု၊ ဇွဲဆု စတဲ့ဆုတွေကိုချီးမြှင့်သွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတပ်ဖွဲ့၀င် အင်အားများပြားလာတာနဲ့အမျှ တပ်ဖွဲ့၀င်ရဲဘော်အသစ်တွေအတွက် သင်တန်း၀တ်စုံ၊ ယူနီဖောင်း၊ စားနပ်ရိက္ခာနဲ့လက်နက်ခဲယမ်းတွေ လိုအပ်နေတယ်လို့လည်း တာ၀န်ခံ ကိုကျော်နိုင်က ပြောပါတယ်။

ဒါ့အပြင်သင်တန်း တက်ရောက်နေတဲ့ ရဲဘော်တွေဟာ အခြေခံစစ်ပညာသင်တန်းကို စိတ်ဓာတ်တက်ကြွစွာနဲ့ သင်ကြားလျှက်ရှိတယ်လို့လည်း ဆိုပါတယ်။

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kawa People Defense Force-Kawa PDF ရဲ့ အပတ်စဥ်(၅) အခြေခံ စစ်သင်တန်းဖွင့်ပွဲကို KNU/KNLA က တာ၀န်ရှိသူတွေ၊ ပဲခူးခရိုင် ပကဖ တာ၀န်ခံတွေနဲ့ မဟာမိတ်တပ်ဖွဲ့ကတာ၀န်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

သတင်းနှင့်တည်းဖြတ် - HP၊ စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူး #ကဝ #PDF #အခြေခံစစ်သင်တန်း #သင်တန်းဖွင့်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10