သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၂၈ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခဲ့တယ်လို့ ကန့်ဘလူခရိုင်တပ်ရင်း ၄ ဆီက သိရပါတယ်။
ကာဘိုးရွာထိပ်ရှိ စာသင်ကျောင်းမှာ ဂိတ်ချပြီးပြည်သူတွေဆီကငွေတောင်းခံနေတဲ့ စစ်သားတွေကို မနက် ၁၀ နာရီခွဲလောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
"ကျနော်တို့က ကားနဲ့သွားပြီးဝင်ပစ်ခဲ့တာပါ။ နေရာမှာပဲ စစ်သား ၃ ယောက်သေတယ်။ လက်နက်တွေလည်း ရခဲ့တယ်"လို့ ကန့်ဘလူခရိုင်တပ်ရင်း ၄ ရဲဘော်တဦးက ပြောပါတယ်။
ပစ်ခတ်မှုအတွင်းသေဆုံးခဲ့တဲ့ စစ်သားတွေကို အဲ့ဒီနေ့ညပိုင်းမှာပဲ ကာဘိုးရွာအပြင်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရကြောင်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဆီကနေ G-3 ၁ လက်၊ ကာဘိုင် ၁ လက်၊ MA-1 ၁ လက်၊ ကျည်ဘောက် ၁၀ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်နဲ့ ကျည်ဆန်မျိုးစုံတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း ၄ နဲ့ကန့်ဘလူမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးရဲဘော်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၃၀ ရက် နေ့လယ်ပိုင်းကလည်း ကန့်ဘလူမြို့နယ်၊ ကျီစုနဲ့ ကျောက်တိုင်ရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်လာပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
ပုံစာ - သိမ်းဆည်းရခဲ့တဲ့ လက်နက်ခဲယမ်းမျိုးစုံကို တွေ့ရစဥ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ကန့်ဘလူ #ကာဘိုးရွာ #စစ်ကောင်စီတိုက်ခိုက်
Share Share Share