ကောလင်းက စစ်ရှောင်အိမ်ထောင်စု ၂၀၀ အတွက် အခြေခံ ရိက္ခာခြောက်တွေထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းက စစ်ဘေးရှောင်အိမ်ထောင်စု ၂၀၀ ကို အခြေခံရိက္ခာခြောက်တွေလှူဒါန်းခဲ့တယ်လို့ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁၃ ရက် မနက် ၈ နာရီခွဲက စစ်ရှောင်အိမ်ထောင်စု ၂၀၀ စုကို ၁ အိမ်ထောင်ကို ငါးခြောက် ၁၀ သား၊ ဆား ၅၀ သား၊ လက်ဖက် ၁ ထုပ်၊ ပဲပြား ၁ ဗူး၊ ကြာဇံအထုပ်သေး ၁ ထုပ် လှူဒါန်းခဲ့တယ်လို့ ကောလင်းပြည်သူမှပြည်သူသို့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။ 

ကောလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကြောင့် စစ်ဘေးရှောင်နေရသူဦးရေ ၅ သောင်းကျော်ရှိပြီး စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဆေးဝါးတွေခက်ခဲနေကြတယ်လို့လည်း ဆိုပါတယ်။

တည်းဖြတ်-HP

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #စစ်ရှောင် #ရိက္ခာ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10