ကောလင်းနယ်က စစ်ရှောင်တွေအတွက် တဲအလှူ (ရုပ်/သံ)

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြိုအနောက်ခြမ်းက တောတွေထဲမှာ နေထိုင်ဖို့အခက်အခဲဖြစ်နေတဲ့ စစ်ဘေးရှောင်တွေကို ပြည်ပရောက်အလှူရှင်တဦးရဲ့ကူညီမှုနဲ့ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့က တဲအိမ်တွေဆောက်လုပ်ပေးခဲ့ပါတယ်။  

အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ အလှူရှင်ရဲ့ ကူညီမှုကနေ ကောလင်းပြည်သူမှ ပြည်သူသို့ အဖွဲ့က နေထိုင်ဖို့အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၁၀ စုအတွက် အိမ်ထောင်စုတစုကို တဲအိမ် ၁ လုံးစီ ဆောက်လုပ်ပေးခဲ့တာပါ။ 

စစ်ဘေးရှောင်တွေအတွက် ယခင်က တဲအိမ်ဆောက်လုပ်ပေးရာမှာ အိမ်ခေါင်မိုးအတွက် သက်ကယ်တွေအသုံးပြုပေမယ့် ယခုအချိန်မှာ သက်ကယ်တွေ ဝယ်ယူဖို့အခက်အခဲတွေရှိနေတာကြောင့် မိုးကာတွေကိုသာမိုးပေးခဲ့ပြီး ၁ လုံးကို ကျပ် ၅ သိန်းကျော်ကုန်ကျတယ်လို့ ဆိုပါတယ်။ 

နေစရာ အခက်အခဲကြုံနေတဲ့ စစ်ဘေးရှောင်တွေအတွက် နောက်ထပ်တဲအိမ်တွေဆောက်လုပ်ပေးဖို့ လိုအပ်နေပြီး အဲ့ဒီအတွက်အလှူရှင်တွေရှိလာမှ ဆောက်လုပ်ပေးနိုင်မှာလို့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

စစ်ကောင်စီရဲ့ မကြာခဏလေကြောင်းတိုက်ခိုက်မှုတွေ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နေရပ်မပြန်နိုင်ကြသေးဘဲ လက်ရှိအချိန်ထိ ကောလင်းမြို့နယ်အနောက်ခြမ်းကတောတွေထဲမှာ စစ်ဘေးရှောင်ဦးရေ ၂ သောင်းကျော်ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကောလင်း #စစ်ရှောင် #တဲအလှူ #အကူအညီလိုအပ် #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10