သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လှည့်ပတ်ပစ်ခတ်နေလို့ ရွာ ၆ ရွာက ပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့ဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စက်တင်ဘာ ၂၈ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ကနေ ပျံတက်လာတဲ့ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစီးက ဗုံးကြဲတာအပြင် ရဟတ်ယာဉ်မှာပါတဲ့ လက်နက်အစုံနဲ့ လှည့်ပတ်ပစ်ခတ်နေတာလို့ ဆိုပါတယ်။
“ ကောလင်းအနောက်ဘက်အခြမ်းကို လေကြောင်းနဲ့ ပစ်ခတ်မှုလုပ်သွားပါတယ်။ အခုလက်ရှိ အခြေအနေအရ ၅ ကြိမ်ရှိပါပြီ။ ကောလင်းအနောက်ခြမ်းက ရွာတွေကိုပစ်သွားတာပါ” လို့ ကောလင်း ပြည်သူမှပြည်သူသို့တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။
လက်ရှိသတင်းရေးသားချိန်အထိ အဆိုပါရဟတ်ယာဉ်မှာ ကျေးရွာတွေအပေါ် ပျံသန်းနေဆဲဖြစ်လို့ ကောလင်းအနောက်ခြမ်းကျေးရွာတွေဖြစ်တဲ့ အုတ်ကန်၊ ချောင်းသာ၊ မိုးနိုင်၊ သရက်ချဉ်၊ မူးတိန်နဲ့ တကောင်းအိမ် စတဲ့ကျေးရွာတွေက ဒေသခံ ၅၀၀၀ ခန့်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
“ အမှတ်တမဲ့ တိုက်ပွဲမဖြစ်ဘဲနဲ့ လာပစ်တာဆိုတော့ နေထိုင်ရာမရ ဆောက်တည်ရာမရ ကြုံရာနေရာတွေကို ထွက်ပြေးကြရတာ။ ပစ်ခံရတဲ့ရွာက ၆ ရွာလောက်ရှိတယ်၊ စစ်ရှောင်တွေလည်းရှိတယ်။” လို့ ၎င်းက ဆက်ပြောပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#စစ်ကိုင်း #ကောလင်း #လေကြောင်းတိုက်ခိုက် #အရပ်သား
Share Share Share