ကံမမှာ ရေကြီးနစ်မြုပ်မှုဆိုးဝါးနေပြီး ထောင်ချီတဲ့ရေဘေးသင့်ပြည်သူတွေ ကူညီမယ့်သူမရှိ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နဲ့ အနီးတဝိုက်ကျေးရွာ ၃၀ ခန့်မှာ နေအိမ်တွေနစ်မြုပ်တဲ့အထိ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ဒေသခံထောင်နဲ့ချီ ရေဘေးသင့်နေတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၀ ရက်က စတင်ဝင်ရောက်လာတဲ့ ဧရာဝတီမြစ်ရေဟာ တဖြည်းဖြည်းမြင့်တက်လာပြီး ဇူလိုင် ၂၄ ရက်မှာ နေအိမ်တွေနစ်မြုပ်တဲ့အထိ မြင့်တက်လာတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းနေကြရပါတယ်။

ရေဘေးသင့်နေတဲ့ကျေးရွာတွေက ပြည်သူတွေဟာ မိမိအစီအစဉ်နဲ့ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နေရပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေလည်း သွားရောက်ကူညီချင်ပေမယ့် လမ်းခရီးအစစ်ဆေးတွေနဲ့ နယ်မြေအခြေနေကြောင့် မလာနိုင်ကြဘူးလို့ သိရပါတယ်။

ဧရာဝတီမြစ်ရေကြောင့် ကံမမြို့ပေါ်ရပ်ကွက်တွေနဲ့ ထန်းလေးပင်၊ ဝန်လိုကိုင်း၊ ကင်း၊ ကုန်းသောင်၊ ဓမ္မသော်၊ သံပြွန်လုံးကုန်း၊ ထန်းတပင်ကုန်း၊ မင်းပြင်၊ နံကပ်၊ ပုထိုး၊ ပြည်တော်သာ၊ ရေလည်တောင်၊ အင်းဘဲ၊ ညောင်တန်း စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၃၀ ခန့်မှာ ရေကြီး၊ ရေလျှံတာတွေ ဖြစ်ပေါ်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် အဲဒီကျေးရွာတွေက ရိတ်သိမ်းကာနီး ပဲတီစိမ်းနဲ့နှမ်း ဧက သောင်းနဲ့ချီပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ကံမမြို့ပေါ် နေရာတချို့ကိုသာ ကူညီထောက်ပံ့မှုလုပ်ဆောင်ခဲ့ပြီး ရေဘေးသင့်နေဆဲမှာပဲ အာဇာနည်နေ့ အမည်ခံကာ မြို့ပေါ် ဘောလုံးကွင်းမှာ စျေးရောင်းပွဲနဲ့ လောင်းကစားဝိုင်းတွေကို ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ကံမ #ရေကြီးရေလျှံမှု #သဘာဝဘေး #နေအိမ်နစ်မြုပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10