“ကျည်မပြေးတော့ လူပြေးရတယ်” (အမောပြေအလွဲများ)

ဒီဇင်ဘာလ ၄ ရက်က ဆိပ်ဖြူမြို့နယ်၊ ကစွန်းမရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေသွားရောက်တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းခါနီးမှာ စစ်ကောင်စီဘက်က စစ်ကူအင်အားအများအပြား လာနေတဲ့သတင်းကြောင့် တပ်ပြန်ဆုတ်ခဲ့ကြပါတယ်။ 

တပ်ပြန်ဆုတ်လာနေတဲ့ ရဲဘော်တွေ အကာအကွယ်ဖြစ်ဖို့အတွက် MDFအဖွဲ့က လက်နက်ကြီး ပစ်ကူပေးဖို့ ပြင်ဆင်ကြပါတယ်။

MDF အဖွဲ့ တာဝန်ခံ ဗိုလ်စောဂျိမ်းစ်ကိုယ်တိုင် ၆၀ မမကျည်ဖူးတွေကောက်ပြီး ပထမဆုံးအချက်ကို ပစ်ပစ်ချင်းမှာပဲ ဗုံးသီးက သူတို့အရှေ့နားတင်ပြန်ကျခဲ့တာပါ။

ဒီလိုအသုံးပြုလိုက်တဲ့ကျည်က လိုရာခရီးကို မပြေးတဲ့အခါမှာတော့  လက်နက်ကြီးပစ်ကူတဲ့ရဲဘော်တွေ ဘယ်လိုလုပ်ခဲ့ရသလဲဆိုတာကို မြေလတ်အသံရဲ့ “အမောပြေ အလွဲများ” အစီအစဉ်ကနေ ဗိုလ်စောဂျိမ်းစ်ကို မေးမြန်း တင်ဆက်ပေးလိုက်ပါတယ်။ 

#မြေလတ်အသံ

#အမောပြေအလွဲများ #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10