ကျပ်ထိုးရဲစခန်း တရက်ထဲ ၂ ကြိမ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဘန်ကာပေါ်ဗုံးထိမှန် ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်ထိုးရဲစခန်းကို မေ ၃ ရက်က တရက်ထဲ ၂ ကြိမ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ BLY ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

မေ ၃ ရက်က ညနေ ၃ နာရီ တကြိမ် ညနေ ၄ နာရီ တကြိမ်၊ တရက်တည်းမှာ ၂ ကြိမ် ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံးပစ်ချရာမှာ ကျပ်ထိုးရဲစခန်းအတွင်းက ဘန်ကာနဲ့ စခန်းပေါ်ကိုတည့်တည့် ကျရောက်ခဲ့တာလို့ BLY ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ နှံပြည်စုတ် က ပြောပါတယ်။

ဘန်ကာပေါ် ဗုံးထိမှန်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၅ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရတယ်လို့ သူကဆက်ပြောပါတယ်။ အဲဒီ ကျပ်ထိုးရဲစခန်းမှာက စစ်သားနဲ့ ရဲ ၅၀ ဝန်းကျင်တပ်စွဲနေတာလို့ သိရပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲချိန်ခံရချိန်မှာ ရဲစခန်းထဲက ပြန်လည်ပစ်ခတ်‌ပေမဲ့ PDFရဲဘော်တွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို BLY ပြောက်ကျားတပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း ၁၊ B.R.A.F၊ ပေါက်ပကဖ၊ ဧရာအနောက်လွင်ပြင်တပ်ဖွဲ့၊ ကမ္မတပ်ပေါင်းစု၊ နေသူရိန်တပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဖော်

#မြေလတ်အသံ

#ပခုက္ကူမြို့နယ် #ကျပ်ထိုးရဲစခန်း #တိုက်ခိုက်ခံရ #ဒရုန်းနဲ့ဗုံးကြဲ  #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10