ကျုံးထဲခုန်ချသူအမျိုးသားကို ၂ ရက်ကြာမှ အလောင်းပြန်တွေ့

ကျုံးထဲခုန်ချသူအမျိုးသားကို ၂ ရက်ကြာမှ အလောင်းပြန်တွေ့

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ထီးလှိုင်ရပ်ကွက် ကျုံးထဲကိုခုန်ချခဲ့တဲ့ အမျိုးသား ၂ ရက်အကြာမှ အလောင်းပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကျုံးထဲခုန်ချခဲ့သူဟာ ထီးလှိုင်ရပ်ကွက်နေသူ အသက် ၃၀ အရွယ်အမျိုးသားဖြစ်ပြီး စိတ်ကျန်းမာရေး မကောင်းသူဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၅ ရက် မနက် ၁၁ နာရီကျော်မှာတော့ အဆိုပါအမျိုးသားခုန်ချခဲ့တဲ့ နေရာအနီးမှာပဲ သေဆုံးလျက် အလောင်းကို ပြန်တွေ့ရတယ်လို့ သိရပါတယ်။

" ခုန်ချသွားတဲ့နေ့ကတည်းက သူ့ကို ဝိုင်းရှာကြတာ။ မနေ့က မနက်ပိုင်းကမှပဲ သူခုန်ချခဲ့တဲ့နေရာအနီးမှာ ပြန်ရှာတွေ့ခဲ့တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးလျက်ပြန်လည်ရှာတွေတဲ့ အမျိုးသားအလောင်းကိုတော့ ဒေသခံတွေက တောင်ငူဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပြီး ဇူလိုင် ၂၆ ရက်မှာတော့ နာရေးပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသားဟာ ဇူလိုင် ၂၄ ရက် မနက် ၂ နာရီခန့်မှာ နေအိမ်ကနေထွက်လာပြီး ကျုံးထဲကိုခုန်ချသတ်သေခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်ကလည်း တောင်ငူမြို့အရှေ့ဘက်အထွက် စစ်တောင်းတံတားပေါ်ကနေ စစ်တောင်းမြစ်အတွင်း ကွန်ပျူတာတက္ကသိုလ်ကျောင်းသား ၁ ဦးခုန်ချသတ်သေမှုဖြစ်ခဲ့ပြီး ၂ ရက်အကြာမှာ အလောင်းကို ပြန်တွေ့ ခဲ့ကြရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူမြို့ #ထီးလှိုင်ရပ်ကွက် #ကျုံး #အမျိုးသား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10