သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ငနွားဆိပ်ကျေးရွာမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိမှန်ပြီး သားအမိ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ အောက်တိုဘာ ၃၀ ရက်မှာ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၇ ရက် မနက် ၁၀ နာရီခန့်မှာ နတ်သံကွင်းဘက်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေပစ်ခတ်ခဲ့ရာမှာ ငနွားဆိပ်ကျေးရွာနေ ဒေါ်လဲ့လဲ့ဝင်းနေအိမ် နောက်ဖေးဆောင်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။
"ကလေး ၁ ယောက်က ဒဏ်ရာတော်တော်များတယ်။ မျက်လုံးလည်းထွက်တယ်။ ခြေထောက်လည်းထိတယ်။ သူတို့သားအမိက ထမင်းစားပြီး အိမ်နောက်ဖေးမှာလက်ဆေး၊ လက်သုတ်နေချိန်ထိသွားတာ။ "လို့ မုန်းမြို့နယ်ကရင့်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီဝင်တဦးက ပြောပါတယ်။
လက်နက်ကြီးထိလို့ အသက် ၁၃ နှစ်အရွယ် မရတနာလင်းမှာ ခြေထောက်၊ မျက်လုံးတို့ထိခိုက်ခဲ့သလို မိခင်ဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်လဲ့လဲ့ဝင်းမှာ ဘယ်ဘက်နားအနောက်ဘက်မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
အဆိုပါ သားအမိ ၂ ဦးကို KNU ဆေးရုံ ၁ ခုမှာ ဆေးကုသနေပြီး မိခင်ဖြစ်သူကသက်သာနေပေမယ့် ကလေးငယ်ကတော့ မသက်သာသေးဘူးလို့ ဆိုပါတယ်။
ပစ်ခတ်တဲ့နေ့မှာ စစ်ကောင်စီအဖွဲ့တွေက သေဂေလူကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်နိုင်ဖို့ လက်နက်ကြီး စုစုပေါင်း ၂၈ လုံး ခန့်ပစ်ခတ်ခဲ့ရာ သေဂေလူကျေးရွာအတွင်းကို ၂၆ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးမှာ ငနွားဆိပ်ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် သေဂေလူကျေးရွာ၊ ငနွားဆိပ်ကျေးရွာနဲ့ ဝဲတူးကျေးရွာက လူဦးရေ ၁,၈၅၄ ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကာ အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးများ အရေးပေါ် လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အောက်တိုဘာ ၂ ရက် မနက် ၂ နာရီခွဲခန့်မှာ စစ်ကောင်စီရဲ့ ခမရ ၃၀၇ တပ်ကနေ ကျောက်ကြီးမြို့နယ်၊ သနပ်ကွင်းကျေးရွာအတွင်းကို ဒရုန်းနဲ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ကလေးငယ် ၃ ဦးဖြစ်တဲ့ မမြတ်စုလင်း၊ မောင်မင်းခန့်အောင်နဲ့ မောင်သော်ဇင်ခန့် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - လက်နက်ကြီထိမှန်ဒဏ်ရာရခဲ့သည့် သားမိ ၂ ဦး။ (KNU)
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကျောက်ကြီး #လက်နက်ကြီပစ် #ထိခိုက်
Share Share Share