သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ လပတ်ရွာမှာ အမျိုးသား ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေကျင်းဝတ်ပြတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုင်းထိသူဟာ လပတ်ရွာနေ ကိုအောင်မင်းသူ အသက် ၃၀ နှစ်ဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် မနေ့ မနက်ပိုင်းက ရွာပြင်မှာ နွားထွက်ကျောင်းချိန် မိုင်းထိခဲ့တာလို့ဆိုပါတယ်။
" ရွာပြင်ချောင်းနားမှာ နွားကျောင်းနေချိန် နင်းမိုင်းထိတာလို့ပြောတယ်။ အခြေအနေကတော့ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူး" လို့ ကျောက်ကြီးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
နင်းမိုင်းထိလို့ ကိုအောင်မင်းသူမှာ ဘယ်ခြေကျင်းဝတ်ပြတ်ထွက် ဒဏ်ရာရရှိသွားပြီး ကျောက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသနေရကာ မြေမြှုပ်မိုင်းကို ဘယ်အဖွဲ့အစည်းက ထောင်တယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။
ကျောက်ကြီးနယ်ဟာ စစ်ကောင်စီတပ်ရော KNLA၊PDF ပူးပေါင်းတပ်ဖွဲ့တွေပါ စစ်ရေးလှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး နှစ်ဘက်ထိတွေ့တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူး #ကျောက်ကြီး #မြေမြှုပ်မိုင်း #နင်းမိ #အရပ်သား #ထိခိုက်မှု #သတင်း #မြေလတ်သတင်း
Share Share Share