သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာအနီး ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်က ပေါက်သဲကုန်းတံတား မိုင်းခွဲခံရပြီး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၇ ရက် မနက် ၆ နာရီလောက်မှာ အလျား ၁၅ ပေ၊ အကျယ် ၂၀ ပေရှိ တံတားကို လက်နက်ကိုင်အဖွဲ့တခုက မိုင်းထောင်ဖျက်ဆီးတဲ့အတွက် ပြိုကျသွားတယ်လို့ ဆိုပါတယ်။
"အဲ့တံတားက ကျောက်ကြီးဘက်နဲ့ ပိုနီးတယ်။ ကျောက်ကြီးမြို့ပြီးရင် သဲကုန်းရွာပြီးတာနဲ့ အဲတံတားဘဲ။ တံတားကတော့ အတိုလေးပါဘဲ။ ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်က တံတားတွေကတော့ ကုန်နေပါပြီ။ မရှိသလောက်ကို ဖြစ်နေပြီ" လို့ ဒေသခံတဦးကပြောပါတယ်။
တံတားပြိုကျလို့ ဆိုင်ကယ်၊ ကား သွားလာလို့ မရတော့ဘူးလို့ ဆိုပါတယ်။
၂၀၂၃ ဇန်နဝါရီကစပြီး ဇူလိုင် ၇ ရက်အထိ ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်က စစ်ပင်တံတား၊ အင်းသဘောက်တံတား၊ ညောင်ကုန်းတံတား၊ ဘုံသရောတံတား၊ နတ်သံကွင်း စစ်တောင်းမြစ်ကူးတံတား အပါအဝင် တံတား ၆ စင်းထက်မနည်း မိုင်းခွဲခံရပြီး ပျက်စီးထားတယ်လို့ သိရပါတယ်။
အဆိုပါ ကျောက်ကြီး-နတ်သံကွင်းလမ်းပိုင်းဟာ စစ်ကောင်စီတပ်တွေ ကျောက်ကြီးကနေ ပဲခူးရိုးမအထိ စစ်ကြောင်းထိုးရာ၊ ရိက္ခာသယ်ရာမှာ အများဆုံး အသုံးပြုနေလို့ KNLA ပူးပေါင်းတပ်တွေဘက်က မိုင်းခွဲရတာဖြစ် တယ်လို့ ဆိုပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #ကျောက်ကြီး #သဲကုန်းကျေးရွာ #နတ်သံကွင်း #ပေါက်သဲကုန်းတံတား #မိုင်းခွဲခံရ
Share Share Share