ကျောက်တံခါးမြို့နယ်မှာ ပျူခေါင်းဆောင်တဦး ပစ်ခတ်ခံရလို့ သေဆုံး

ကျောက်တံခါးမြို့နယ်မှာ ပျူခေါင်းဆောင်တဦး ပစ်ခတ်ခံရလို့ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာအနီး တာလမ်းပေါ်မှာ ကျေးရွာ ပျူစောထီးခေါင်းဆောင် ဆိုသူ ပစ်ခတ်ရှင်းလင်းခံရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်မှာ လယ်ထဲကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ ပျူစောထီးခေါင်းဆောင် ကျော်ဦး ၅၀ နှစ်ခန့်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျောက်တံခါးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

"သူက ဆိုင်ကယ်နဲ့သွားနေတုန်း အနားကပ်ပြီး ၃ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်။ သူက စကစ ကပေးတဲ့ ပျူသင်တန်းဆင်း ဖြစ်တယ်။ ခမရ ၃၀၇ မှာ သင်တန်းတက်ထားသူ ဖြစ်တယ်" လို့ ပြောပါတယ်။

ကျော်ဦးဟာ ပျူခေါင်းဆောင်ဖြစ်သလို PDF တွေရဲ့ လှုပ်ရှားမှုတွေကို စစ်ကောင်စီတပ်ထံ သတင်းပေးနေသလို ကျေးရွာထဲက NLD ပါတီဝင်တွေကို ဖမ်းဆီးခိုင်းတာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဖြစ်မြောက်အောင် အားတက်သရောပါဝင်ကူညီနေတာတွေကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သေနတ်နဲ့အနီးကပ် ပစ်ခတ်ခံရလို့ ဦးကျော်ဦးဟာ မျက်လုံး၊ နားထင်၊ ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ပျူခေါင်းဆောင် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးခဲ့ပြီး အလောင်းကို ကျောက်တံခါးပြည်သူ့ဆေးရုံကို ယူသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့က ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နဲ့ အောင်မြင်မြို့ (တောကျွဲအင်းမြို့) ကြားရှိ ခမရ ( ၃၀၇ ) တပ် လက်နက်တိုက်၊ ဗဟိုကင်းနဲ့ ဧည့်ရိပ်သာဘက်ကို လက်နက်ကြီးနဲ့ ၃ ချက် သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာရှိခဲ့သေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10