သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့၊ စျေးပိုင်းရပ်ကွက်မှာ လက်နက်ကြီးကျလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ဇွန် ၂၅ ရက် မနက်စောစော ၁ နာရီခန့်မှာ စျေးပိုင်းရပ်ကွက်၊ စျေးပိုင်း ၃ လမ်းနေ ဦးဝင်းဦး ၆၄ နှစ် နေအိမ်ပေါ်ကို လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
"လက်နက်ကြီးမကျခင် နာရီပိုင်းလောက်က ရွှေဘုန်းတိုးစကစဂိတ်ဘက်မှာ ပစ်ခတ်မှုတွေဖြစ်တယ်လို့ သိရ တယ်။ အဲဒီဘက်ကနေ အကြီးအသေးအသံအစုံပဲ ကြားရတယ်။ အဲ့ဘက်က ပစ်ခတ်မှုဖြစ်ပြီး ရပ်ကွက်ထဲ လက်နက်ကြီးကျတာပဲ "လို့ ဒေသခံတဦးကပြောပါတယ်။
နေအိမ်ပေါ်လက်နက်ကြီးကျလို့ နေအိမ်အတွင်းအိပ်နေတဲ့ ဦးဝင်းဦးမှာ ဦးခေါင်းလက်နက်ကြီးအစမှန်ဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားသလို ဇနီးဖြစ်သူ ဒေါ်လှလှသန်း ၅၇ နှစ်မှာ ဘယ်လက်မောင်းလက်နက်ကြီးအစမှန် ဒဏ်ရာရသွားကာ နေအိမ်လည်းပျက်စီးသွားပါတယ်။
ဒေသခံနေအိမ်ပေါ် လက်နက်ကြီးကျပြီးနောက် နာရီဝက်ခန့်အကြာမှာ မြို့တောင်ဘက် ရွှေဘုန်းတိုးစစ်ကောင်စီ စစ်ဆေးရေးဂိတ်ဘက်မှာလည်း ပစ်ခတ်သံတွေ တိတ်သွားတယ်လို့ ဆိုပါတယ်။
အဆိုပါ မနက် ၁ နာရီ မထိုးခင်အချိန်မှာ ရွှေဘုန်းတိုးစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တခုမှ လာရောက်တိုက်ခိုက်ရာမှာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။
ဇွန် ၉ ရက် မနက်ကလည်း ခမရ ၃၀၇ ရွှေဝါတပ်ရင်းကနေ ကျောက်တံခါးမြို့နယ်၊ နတ်လောင်ကျေးရွာအုပ်စု ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ သရက်တိုက်ကျေးရွာအတွင်း တလုံးကျရောက်ပေါက်ကွဲပြီး သက်ကြီးအမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်းဒေသကြီး #ကျောက်တံခါးမြို့ #စျေးပိုင်းရပ်ကွက် #လက်နက်ကြီး #ပြည်သူ
Share Share Share