ကျောက်ထုမှာ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတဲ့ လေယာဉ်ကွင်းနဲ့ ရဲစခန်း ပျက်စီးမှုတွေရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ရှိ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့နေရာ ၃ ခုကိုဒေသခံကာကွယ်ရေးတပ်တွေက Short Range Missile ခေါ် ရော့ကတ်ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး - B.H.S.R.F တပ်ဖွဲ့ဆီက သိရပါတယ်။

မေ ၆ ရက် မနက် ၈ နာရီ ၄၅ မိနစ်ကနေ ၉ နာရီခွဲအထိ ကျောက်ထုတိုက်နယ်၊ ကျောက်ထု အမြောက်တပ် ၃၆၈ ၊ လေယာဉ်ကွင်းနဲ့ ရဲစခန်းတို့ကို ရော့ကတ်ရှော့တိုက်ဒုံး အလုံး ၅၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ B.H.S.R.F တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ဗဟိုကင်း ခေါ် နေပြည်တော် အထိုင်ကင်းအဆောက်အဦ မီးလောင်ပျက်စီးပြီး လေယာဉ်ပြေးလမ်းပျက်စီးကာ ဝန်ထမ်းအိမ်ယာတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဘက်ကလည်း ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ တွေနဲ့ပစ်ခတ်တဲ့အပြင် တင့်ကားတွေနဲ့ လိုက်လံပစ်ခတ်တာရှိပေမယ့် ရဲဘော်တွေအထိအခိုက်မရှိဆုတ်ခွာနိုင်ပြီး စစ်ကောင်စီဘက်ကသေဆုံးမှုကိုတော့ မသိရသေးဘဲ ထိခိုက်ဒဏ်ရာရသူ တော်တော်များများရှိနိုင်တယ်လို့ တာဝန်ခံ က ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး - B.H.S.R.F တပ်ဖွဲ့ ၊ ဂန့်ဂေါခရိုင် အမှတ် ၈ တပ်ရင်း၊ အမှတ် ၉ တပ်ရင်း ၊  ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ကျောက်ထုတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ကျောက်ထု #အမတ၃၆၈ #လေယာဉ်ကွင်း #ရဲစခန်း #ပစ်ခတ်တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10