ကျောက်ရစ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် လေကြောင်းပစ်ကူလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦးထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာရှိတဲ့ ကျောက်ရစ်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်နေချိန် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ CDSOM တပ်ဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၂၃ ရက် မနက် ၈ နာရီလောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကျောက်ရစ်ရဲစခန်းပတ်လည်မှာရှိတဲ့ ဘန်ကာတွေနဲ့ မီတာ ၅၀ အကွာကနေ စစ်ကောင်စီတပ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၅ နာရီကျော်ကြာမြင့်ခဲ့ပါတယ်။

အပြန်အလှန်ပစ်ခတ်နေစဉ် နေ့လယ် ၁၂ ခွဲလောက်မှာ အေလာလေတပ်က နေထွက်လာတဲ့ ဂျက်ဖိုက်တာတစီး နဲ့ မိတ္ထီလာလေတပ်ကနေထွက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ တပြိုင်နက်တည်းရောက်ရှိလာပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦးဒဏ်ရာရခဲ့တယ်လို့ CDSOM မြောက်ပိုင်းတိုက်ခိုက်ရေး ဗိိုလ်စင်္ကြာက ပြောပါတယ် ။

ဒဏ်ရာရထားတဲ့ ရဲဘော်တွေထဲမှာ ၁ ဦးက ပေါင်ဖြတ်ခံထားရပြီး ၂ ဦးကလည်း စိုးရိမ်ရတဲ့အခြေနေရှိတယ်လို့ ဆိုပါတယ်။

ယင်းဂျက်ဖိုက်တာ ၂ စီးဟာ နေ့လယ် ၁ နာရီအထိ ဆက်တိုက်ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတာကြောင့် ကျောက်ရစ်ရဲစခန်းကနေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း ဗိိုလ်စင်္ကြာ က ဆက်ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်နေချိန် အတွင်းမှာလည်း ရေစကြိုဘက်ကနေ စစ်အုပ်စုဘက်က ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို CDSOM မြောက်ပိုင်းတိုက်ခိုက်ရေး ဗိိုလ်စင်္ကြာစစ်ကြောင်း၊ MRF စားဖိုစစ်ကြောင်း၊ MSPDF မုန်တိုင်းစစ်ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

စာတည်း - ငြိမ်းဇော်

#မြေလတ်အသံ

#မြောင် #ကျောက်ရစ်ရဲစခန်း #တိုက်ပွဲ #လေကြောင်းပစ်ကူ #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10