သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာမှာ တပ်စွဲနေတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်သား ၂ ဦးသေပြီး ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Myanmar's Royal Dragon Army-MRDA အဖွဲ့ဆီက သိရပါတယ်။
ဇူလိုင် ၃၀ ရက် ညနေ ၅ နာရီခွဲကနေ ၆ နာရီခွဲအထိ ၁ နာရီကြာ ကာကွယ်ရေးအဖွဲ့တွေဘက်က လက်နက်ကြီးအပါအဝင် စက်ကလေးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"စစ်ကောင်စီအထိုင်ချထားတဲ့ ကျောက်ရစ်စခန်းကို ဝိုင်းတိုက်တာ။ ကျနော်တို့ဘက်က RPG 79 Pading စက်ကလေးတွေနဲ့ စစ်ကောင်စီတပ်သားတွေ ထမင်းစားသောက်နေတဲ့နေရာကို ထုတာ။ စစ်** ၂ ကောင်သေပြီးတော့ ၅ ဦးဒဏ်ရာရတယ်ဆိုတာ ပြည်သူတွေက ပြန်ပြောလို့ သိရပါတယ်။" လို့ Myanmar's Royal Dragon Army-MRDA ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးဇော်က ပြောပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ အင်းတကော် ၇၀၁ တပ်က စစ်သားတွေလို့ သိရပြီး အင်အား ၁၀၀ ဝန်းကျင်နဲ့ လက်ရှိအချိန်ထိ ကျောက်ရစ်ရွာမှာ ဆက်လက်အထိုင်ချနေကာ အနီးဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုကို Myanmar's Royal Dragon Army-MRDA၊ မြင်းခြံခရိုင် တပ်ရင်း ၁၊ မြင်းခြံခရိုင် တပ်ရင်း ၃၊ စစ်ကိုင်းခရိုင်တပ်ရင်း ၄၊ ကျေးရွာတပ်ပေါင်းစု(မြောင်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#သတင်း #ရုပ်သံ #မြိုင် #ကျောက်ရစ်ရွာ #စစ်အုပ်စုအထိုင်ချ #တိုက်ခိုက်ခံရ #စစ်ကောင်စီ #PDF
Share Share Share