ကျောင်းလုံခြုံရေးစောင့်တဲ့ စစ်သားနဲ့ပျူတွေ မိုင်းဆွဲခံရလို့ ၄ ဦးဒဏ်ရာရ

ကျောင်းလုံခြုံရေးစောင့်တဲ့ စစ်သားနဲ့ပျူတွေ မိုင်းဆွဲခံရလို့ ၄ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈)ရပ်ကွက်၊ အထက ၁ ကျောင်းနားမှာ ရှိနေတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၄ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ 
 
ဖေဖော်ဝါရီလ ၁၄ ရက် ဒီနေ့မနက် ၉နာရီဝန်းကျင်မှာ ကျောင်းအတွက် လုံခြုံရေးလာစောင့်နေတဲ့ စစ်ကောင်စီအဖွဲ့ကို ဆွဲမိုင်း ၁ လုံးနဲ့ တိုက်ခိုက်ခဲ့တာ​​​ဖြစ်တယ်လို့ ရေစကြို ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
 
"သူတို့က ကျောင်းစောင့်တဲ့အဖွဲ့တွေပေါ့။ မနက်ဆို ၆ ခွဲ ၇ နာရီလောက်ကတည်းကလာတယ်။ ကျောင်းတက်ရင် ပြန်တယ်။ ပျူနဲ့ စကစ တ​ပ်သားတွေပါ။ သူတို့က ကျောင်းရှေ့ ပလက်ဖောင်း လမ်းထောင်တွေမှာရှိတာ။ ဒီမနက်က မီးပွိုင့်နဲ့ နီးတဲ့နေရာက အဖွဲ့တွေကို ဆွဲလိုက်တာ။ မြို့ထဲဖြစ်နေတော့ ယမ်းအသင့်တင့်ရှိတဲ့ မိုင်းကိုပဲ အသုံးပြုခဲ့တာပါ။ မဟုတ်ရင် မဆိုင်တဲ့ ပြည်သူတွေကိုပါ ထိသွားနိုင်တယ်"လို့ ပြောပါတယ်။
 
မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦးနဲ့ပျူစောထီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့လို့ လူနာတင်ကားတွေနဲ့ လာခေါ်ပြီး ရေစကြို ဆေးရုံကို ခေါ်သွားတယ်လို့ ဆိုပါတယ်။
 
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာတော့ စစ်ကောင်စီအဖွဲ့ဝင်တွေ လာရောက်စစ်ဆေးတာမျိုးတောင်မရှိဘဲ လမ်းပေါ် လူသွားလူလာရှင်းသွားတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်က ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာ အထက (ခွဲ)ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရသွားသေးတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10