ကျွန်းလှမြို့နယ်က ပျူစောထီး မိသားစု ၂ စု PDF ထံခိုလှုံလာ

ကျွန်းလှမြို့နယ်က ပျူစောထီး မိသားစု ၂ စု PDF ထံခိုလှုံလာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းအုပ်စု၊ စသာကုန်းရွာမှ ပျူစောထီးအဖွဲ့ဝင် မိသားစု ၂ စု ဟာ ကျွန်းလှနယ်အတွင်းက PDF တပ်ဖွဲ့တခုဆီ ခိုလှုံလာတယ်လို့ ဒေသတွင်းဖြစ်စဥ်တွေကို ဖော်ပြပေးနေတဲ့ Infinity Group ဆီက သိရပါတယ်။

ဇူလိုင်လ ၂၉ ရက် ညနေပိုင်းမှာ စသာကုန်းရွာက ပျူစောထီးအဖွဲ့ဝင် ၁၃ ဦး (အိမ်ထေင်စု ၂ စု) ဟာ ပျူတွေလက်ထဲကနေ ထွက်ပြေးလာခဲ့ကြတာလို့ ဆိုပါတယ်။

"လက်ရှိမှာ သူတို့မိသားစုတွေ လုံခြုံရေးအတွက်တော့ စိတ်ချရတဲ့နေရာကို ရောက်ပါပြီ၊ ကျွန်းလှမြို့နယ်ထဲက NUG စိုးမိုးနယ်မြေတခုမှာ ထားပေးထားပါတယ်"လို့ Infinity Group တာဝန်ရှိသူက ပြောပါတယ်။

သူတို့မိသားစုတွေ ထွက်ပြေးလာချိန်မှာ စစ်ကောင်စီနဲ့ပျူတွေ ထိန်းချုပ်ဂိတ်ဖွင့်ထားတဲ့ အရှေ့ရတီ၊ စံပြ၊ သံဘို၊ ဘိုကုန်း၊ ဆားကျင်း စစ်ဆေးရေးဂိတ်တွေကို ဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ရွာကနေ ထွက်ပြေးလာသူတွေရဲ့ နေအိမ်တွေကို ရွာမှာကျန်နေတဲ့ ပျူစောထီးတွေက ချိတ်ပိတ်ကာ နေအိမ်က ပရိဘောဂပစ္စည်းတွေကိုလည်း သယ်ယူကြပြီး ထွက်ပြေးလာသူတွေကို ရှာတွေ့ပါက တွေ့တဲ့နေရာမှာပစ်သတ်ဖို့ စစ်ကောင်စီဘက်က အမိန့်ပေးထားထယ်လို့လည်း ထွက်ပြေးလာတဲ့ ပျူစောထီးအဖွဲ့ဝင်တဦးရဲ့ ပြန်လည်ပြောပြချက်အရ သိရပါတယ်။ 

ခိုလှုံလာတဲ့ ပျူစောထီး မိသားစုဝင်တွေကို ဒေသခံပြည်သူတွေအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တာဝန်ရှိသူအချို့နဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက သွားရောက်တွေ့ဆုံကာ လိုအပ်တဲ့အကူအညီတွေ ပေးထားတယ်လို့ ဆိုပါတယ်။

ကျွန်းလှမြို့နယ်မှာ ပျူစောထီးလက်အောက်ခံ ကျေးရွာပေါင်း ၁၂ ရွာရှိပြီး ပျူစောထီးသင်တန်းတက်ရောက်ထားသူဦးရေမှာ ၄၀၀ ဝန်းကျင်အထိ ရှိတယ်လို့ Infinity Group ထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ပျူ #အလင်းဝင် #ခိုလှုံ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10