ကြည့်မြင်တိုင်ပြောက်ကျားသပိတ်ဖြိုခွင်းမှုအပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း အမေရိကန်သံရုံးထုတ်ပြန်

ကြည့်မြင်တိုင်ပြောက်ကျားသပိတ်ဖြိုခွင်းမှုအပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း အမေရိကန်သံရုံးထုတ်ပြန်

ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် လူငယ်များအား စစ်ကားဖြင့်တိုက်သတ် ဖြိုခွင်းခဲ့သည့်အပေါ်  ထိတ်လန့်တုန်လှုပ်မိကြောင်း အမေရိကန်သံရုံး(ရန်ကုန်)မှ ယနေ့ညပိုင်းတွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

"ယနေ့နံနက် ရန်ကုန်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့များက သေနတ်နှင့်ပစ်၊ ကားနှင့်တိုက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများစွာ သေဆုံးရသည့် သတင်းများကြောင့် မိမိတို့ ထိတ်လန့်တုန်လှုပ်မိပါသည်။ ငြိမ်းချမ်းစွာဆန္ဒပြသည့် မြန်မာပြည်သူတို့၏ အခွင့်အရေးကို မိမိတို့ထောက်ခံအားပေးပါသည်။ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ရက်စက်စွာအကြမ်းဖက်နေမှုများသည် မြန်မာနိုင်ငံ၏ အားလုံးပါဝင်သောဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိ‌ရေးအတွက် အရေးတကြီး လိုအပ်နေသည့်အကြောင်း မီးမောင်းထိုးပြနေပါသည်။ လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် လိုလားတောင့်တနေသော မြန်မာပြည်သူများနှင့်အတူ မိမိတို့အတူတကွရပ်တည်နေပြီး အကြမ်းဖက်မှုများအဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူများကိုပြန်လွှတ်ပေးရန်နှင့် ပြည်သူတို့၏ဆန္ဒကို လေးစားတန်ဖိုးထားရန် စစ်အာဏာရှင်ကို မိမိတို့တောင်းဆိုပါသည်။" ဟု ကြေငြာချက်တွင် ရေးသားဖေါ်ပြထားသည်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10