သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ စီပင်ကောက်ရွာက ကြံ့ခိုင်ရေးပါတီ၀င် စစ်တပ်သတင်းပေးဆိုသူ ကို၀င်းအောင် ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၁ Dragon Brothers GBK တပ်ဖွဲ့ဆီက သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက် မနေ့ကညနေ ၄ နာရီလောက်မှာ ကိုဝင်းအောင်ဟာ ဆိုင်ကယ်နဲ့လာစဥ် ညောင်ဝိုင်ရွာအနီးမှာ သေနတ် နဲ့ ၄ ချက် ပစ်ခတ်ခဲ့ပြီး သူ့ဆီကနေ မိုဘိုင်းဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
"သူ့(ဝင်းအောင်)ကို မရှင်းလင်းခင်တနေ့က စကစ ၆ ဦး စီကောက်ပင်ရွာကို လာရောက်ခဲ့ပါတယ်။ သူကကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်ပါတယ်။ ခုလိုရှင်းလင်းရတာက ပါတီဝင်ကြောင့်မဟုတ်ပါဘူး။ အကြမ်းဖက်မင်းအောင်လှိုင် အာဏာစသိမ်းတည်းက စကစဗိုလ်တွေနဲ့ပူးပေါင်းပြီး သတင်းပေးလုပ်နေခဲ့သူပါ။ အဲဒါကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာပါ။" လို့ တပ်ရင်း၃၈၀၂၊ တပ်ခွဲ ၁ Dragon Brothers GBK တပ်ဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။
ကိုဝင်းအောင်ကို ပစ်ခတ်ရှင်းလင်းဖို့ အချိန် ၃ ရက်ယူခဲ့ရတယ်လို့ သူကပြောပါတယ်။
ကို၀င်းအောင်ရဲ့သတင်းပေးတိုင်ကြားမှုကြောင့် စီပင်ကောက်ရွာက အသက် ၂၇ နှစ်အရွယ် အမျိုးသား ၄ ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၂ ဦးသာပြန်လွတ်ခဲ့ကာ ကျန် ၂ ဦးကတော့ ဆက်လက်ဖမ်းဆီးခံရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
Dragon Brothers GBK တပ်ဖွဲ့အနေနဲ့ သတင်းပေးဒလန်၊ ပျုစောထီးတွေကို ပစ်ခတ်ရှင်းလင်းဖို့မလုပ်ခင် အရင်ဆုံးစည်းရုံးကြောင်း၊ စည်းရုံးလို့မရတဲ့အခါမှသာ ပစ်ခတ်မှုတွေပြုလုပ်တာလို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။
"သူ့ကိုရှင်းဖို့ အန္တရယ်ကြားထဲကနေ လမ်းမှာသွားရောက် စောင့်ဆိုင်းနေခဲ့တာ။ ကျနော်တို့အနေနဲ့ ပျူ၊ ဒလန်အုပ်ကြီးတွေတော့ ရှင်းလင်းခဲ့တာအရမ်းအများကြီးတော့ မဟုတ်ပါဘူး။ စည်းရုံးလို့ရတာတွေလည်း ရှိပါတယ်၊ မရမှသာ ရှင်းလင်းပစ်တာပါ။" လို့ သူကဆက်ပြောပါတယ် ။
ကိုဝင်းအောင်ကို ပစ်ခတ်ရှင်းလင်းပြီးနောက် စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး နို၀င်ဘာ ၂၆ ရက်ဒီနေ့အထိလည်း စီကောက်ပင်ရွာမှာ စစ်ကောင်စီတပ်သားတွေ ရှိနေတယ်လို့ ဆိုပါတယ်။
Dragon Brothers (GBK-PDF) တပ်ဖွဲ့ဟာ နိုဝင်ဘာ ၂၃ ရက်ကလည်း စစ်ကောင်စီသတင်းပေး ထွန်းမင်းစိုး ဆိုသူကို ကြို့ပင်ကောက်မြို့၊ နဂါးနီလမ်းမှာ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကြို့ပင်ကောက် #ပစ်ခတ် #စစ်တပ်သတင်းပေး
Share Share Share