သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနားမှာ ကြေးနီးယာဥ်တန်းတွေကို လုံခြုံရေးပေးပြီး ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က Fixed Wings Drone နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီကြေးနီသယ်ယာဉ်တန်းဟာ ဇူလိုင် ၂၅ ရက် မနက် ၉ နာရီမှာ အင်အား ၃၀ နဲ့ မုံရွာကနေ မန္တလေးဘက်ကို ထွက်လာရာ အဲဒီကားတွေအတွက် ကင်းပုန်းဝပ်ပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ငါးယှန်ရွာအနားမှာ ကာကွယ်ရေးအဖွဲ့တွေဘက်က Fixed Wings Drone ၃ စီးနဲ့ ဗုံး ၉ လုံး ကြဲချတိုက်ခိုက်တာခံရပြီး ၅ ဦးသေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Standard Revolution Force - SRF MMU တာဝန်ခံက ပြောပါတယ်။
ဗုံးကြဲခံရတာကြောင့် စစ်အုပ်စုဘက်က ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရကာ Jammer ကား ၁ စီးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
"သေဆုံးမှုကို အတည်ပြုနိုင်တာက သူတို့ (ဒဏ်ရာရ)က ချောင်းဦးမြို့ ဆေးရုံတက်တာ၊ ဆေးရုံကနေ တဆင့် ပြန်ပြီးသိရတာပါ" လို့ Standard Revolution Force - SRF MMU တာဝန်ခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ Standard Revolution Force - SRF MMU၊ PEACOCK DRONE TEAM-MYAUNG နဲ့ မိုင်းမင်းသားတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ချောင်းဦး #ကြေးနီသယ်ယာဉ်တန်း #စစ်အုပ်စု #ကင်းပုန်းဝပ် #FixedWingsDrone #ဗုံးကြဲ
Share Share Share