သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာအကြား ဒို့မြန်မာဆီဆိုင်အနီးမှာ တပ်စွဲပြီး ကြေးနီကားတွေကို လုံခြုံရေးယူပေးတဲ့ စစ်အုပ်စုကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၂၄ ရက် နေ့လယ် ၂ နာရီ ၅၅ မိနစ်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်း ၆ စီးနဲ့ ဗုံး ၇ လုံးကြဲချခဲ့တာလို့ Standard Revolution Force - SRF MMU တာဝန်ခံက ပြောပါတယ်။
"ဒရုန်း ၆ စီးနဲ့ ဗုံးကြဲချခဲ့တာ၊ ဆီဆိုင်ရဲ့မျက်နှာစာနဲ့ ဆီဆိုင်နောက်ကြောက အဆောက်အဦတွေပေါ်ကို ချခဲ့တာ၊။အဲ့ဒီမှာက အင်အား ၃၀ လောက်တော့ရှိတယ်။ တပ်ရင်းတော့သေချာမသိဘူး၊ အပြောင်းအလဲတွေရှိတာကြောင့်ပါ။ ထိခိုက်သေဆုံးမှုက ၈ ကောင်ဒဏ်ရာရတယ်"လို့ Standard Revolution Force - SRF MMU တာဝန်ခံက ပြောပါတယ်။
ဒီဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကိုတော့ Standard Revolution force(SRF -MMU)၊ peacock Dore Team၊ M.D.F ကျားခင်စိန်၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁ တပ်ခွဲ ၃၊ Black Eagle၊ MyoTharspecial people defence force၊ Justice warrior force မိုင်းမင်းသားတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မြင်းမူ #ကြေးနီကား #လုံခြုံရေးယူ #စစ်အုပ်စု #ဒရုန်းဗုံးကြဲခံရ #ထိခိုက်
Share Share Share