သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်၊ ထုံးကြီးကျေးရွာ ရထားသံလမ်းအနီးမှာ ကြံ့ခိုင်ရေးပါတီ ကျေးရွာစည်းရုံးရေးမှူး ၁ ဦးပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၂ နာရီကျော်ခန့်မှာ ထုံးကြီးကျေးရွာ ကြံခိုင်ရေးပါတီစည်းရုံးရေးမှူး ဦးသက်မြင့်ဦး(ခ)ကိုဖိုးသက် အသက် ၄၅ နှစ်ကျော်ဟာ အင်းတကော်ဘက်ကနေ ထုံးကြီးကျေးရွာဘက်ကိုဆိုင်ကယ်နဲ့ပြန်လာစဥ် ရထားသံလမ်းအနားအရောက်မှာ ဆိုင်ကယ်နဲ့ လိုက်လာသူ အမျိုးသား ၂ ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"သူကထုံးကြီး အထကကျောင်း အာစရိယပူဇော်ပွဲအတွက် အင်းတကော်မှာ ဗွီနိုင်းထုတ်ပြီးပြန်လာတာ။ အဲဒါကိုအနောက်ကနေဆိုင်ကယ်နဲ့ လိုက်လာတဲ့သူတွေကအနီးကပ်သေနတ်နဲ့ပစ်သွားတာ။ နေရာမှာဘဲသေသွားတယ်"လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးသက်မြင့်ဦး(ခ)ကိုဖိုးသက်ဟာ ဦးခေါင်းနဲ့နောက်ကျောတွေမှာ သေနတ်ဒဏ်ရာတွေရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
မတ်လ ၁၄ ရက်နေ့က အင်းတကော်မြို့နယ်၊ ကျောက်တန်းကျေးရွာက ကြံခိုင်ရေးပါတီဝင် ရာအိမ်မှူး ဦးမောင်သိန်းကို သူပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်အတွင်း အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဒဏ်ရာပြင်းစွာရခဲ့သေးတယ်လို့ သိရပါတယ်။
#မြေလတ်အသံ