ကွမ်းဝယ်ထွက်လာတဲ့ စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ကွမ်းဝယ်ထွက်လာတဲ့ စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာနဲ့ သီးပင်ကုန်းကျေးရွာကြားမှာ ကွမ်းဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၉ ရက် မနေ့ညနေ ၅ နာရီ ၄၅ မိနစ်ခန့်မှာ ပြောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကနေ ထန်းပင်ကုန်းကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ ကွမ်းဝယ်ထွက်လာတဲ့ စစ်သား ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ Swallow PDF - Magway တာဝန်ရှိသူက ပြောပါတယ်။

"ပြောင်းရွာမှာ တပ်စွဲထားတဲ့ စကစ ဗိုလ်တယောက်က ထန်းပင်ကုန်းဘက်ကို အမြဲလာလာနေတယ်လို့ သတင်းရလို့ စောင့်ပစ်ဖို့ သွားတာ။ ဖြစ်ချင်တော့ သူကမလာဘဲ သူတပည့်တွေ ၂ ယောက်က ကွမ်းဝယ်ဖို့ ထွက်လာတာတွေ့လို့ မင်းတုန်းချောင်းတံတားထိပ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ။ သူတို့ဆီက လက်နက်မပါလာတော့ လက်နက်တော့ မရလိုက်ဘူး" လို့ ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရလို့ စစ်ကောင်စီတပ်သား ၂ ဦးဟာ နေရာမှာဘဲ သေဆုံးသွားပြီး သူတို့ဆီက ဖုန်း ၂ လုံးကို သိမ်းဆည်းလာခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးစစ်သားတွေရဲ့ အလောင်းကိုတော့ ညပိုင်းမှ စစ်ကောင်စီဘက်ကလာသယ်ပြီး မင်းတုန်းဘက်ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၁ ရက်ညကလည်း ပြောင်းကျေးရွာမှာ အင်အား ၁၅ ဦးကျော်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ၃ လုံးနဲ့ စတင်ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခံရလို့ စစ်ကောင်စီတပ်သားတွေ ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10