သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာကို စစ်ကောင်စီက သြဂုတ် ၂၁ ရက်ဒီမနက် ၄ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရှားလွင်ကျေးရွာရဲ့ စာသင်ကျောင်းအနီးအရှိ လယ်တဲတခုကို ဂျက်ဖိုင်တာတစီးနဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် လယ်ပြင်မှာအလုပ်လုပ်ကိုင်နေကြတဲ့ အမျိုးသား ၃ ဦး ထိမှန်ခဲ့တာလို့ဆိုပါတယ်။
"စာသင်ကျောင်းထိပ်က နွားတွေထားတဲ့ နွားတဲကိုချသွားတာ။ တဲကတော့ လုံးဝပျက်စီးသွားတယ်။ ဒဏ်ရာရသူတွေကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူး"လို့ ခင်ဦးဒေသခံ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။
ဒဏ်ရာရသူတွေရဲ့ အသက်နဲ့အမည်တွေကိုမသိရှိရသေးပေမယ့် သူတို့ ၃ ဦးဟာ လယ်သမားတွေ ဖြစ်ပြီး လက်ရှိမှာဆေးကုသမှုခံယူနေကြရတယ်လို့လည်း သူကပြောပါတယ်။
ရှားလွင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဒီမနက်ပိုင်းမှာပဲ ရှားလွင်ကျေးရွာနဲ့ မိုင်၂၀ ခန့်ကွာဝေးတဲ့ ရွာသာကြီးကျေးရွာအနီးကို Y 12 လေယာဥ်တစီး ပျံဝဲလာနေတာကြောင့် ရွာခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံရဲဘော်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်မှာလည်း ဗအိုးကျေးရွာထဲကို ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ရွာခံအမျိုးသား ၁ ဦးသေဆုံးကာ နောက်ထပ်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ခင်ဦး #ရှားလွင်ကျေးရွာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်
Share Share Share