ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်းဘေးမှာ အထိုင်ချတပ်စွဲပြီး ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီအဖွဲ့ကို ဒရုန်းနဲ့ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Standard Revolution Force - SRF MMU ဆီက သိရပါတယ်။ 

သြဂုတ် ၂၇ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက Fixed Wings ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် ၆၀ မမ ၁၅ လုံး၊ ၈၀ မမ ၁၂ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“လက်နက်ကြီးနဲ့ပစ်တာ ၃ လုံးက စခန်းကိုကျော်ကျပြီး ကျန်တဲ့အလုံးတွေက စခန်းထဲကိုကျတယ်။ (ဒရုန်းနဲ့) ဗုံးကြဲမှုမှာတော့ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးတယ်။” လို့ Standard Revolution Force - SRF MMU တာဝန်ခံက ပြောပါတယ်။ 

အဲ့ဒီအထိုင်စခန်းမှာ စစ်ကောင်စီဘက်က အင်အား ၅၀ ဝန်းကျင်ရှိပြီး တပ်အပြောင်းအလွဲတွေ ရှိတဲ့အတွက် ဘယ်တပ်ရင်းက စစ်သားတွေလဲဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးသူတွေကိုတော့ အုန်းတောကျေးရွာသင်္ချိုင်းမှာ ဈာပနလုပ်နေတယ်လို့သိရကြောင်း  SRF MMU တာဝန်ခံက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို Standard Revolution Force - SRF MMU၊ PEACOCK DRONE TEAM-MYAUNG၊ စစ်ကိုင်းခရိုင် တပ်ရင်း ၃၊ အင်းလေးသား (SGG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Golden triangle (SGG) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြို့မရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို Standard Revolution Force - SRF MMU အဖွဲ့က Fixed Wings ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။ 

ပုံစာ - စစ်ကောင်စီကိုတိုက်ခိုက်ရန်ပြင်ဆင်နေသည့် SRF MMU နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ကောင်စီ #တိုက်ခိုက် #တိုက်ပွဲ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10