ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရ ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူနဲ့ ဝမ်းပြည့်ရွာအကြား ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီအဖွဲ့ကို ၄၀ မမနဲ့ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Dog Killers People's Defence Force Myinmu DK PDF MMU ဆီက သိရပါတယ်။ 

စက်တင်ဘာ ၁၁ ရက် နေ့လယ် ၁၁ နာရီ ၃၉ မိနစ်မှာ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေက အဆိုပါ ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုကို မီတာ ၂၀၀ ဝန်းကျင်ကနေ ၄၀ မမနဲ့ ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ပါ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်သား ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ Dog Killers People's Defence Force Myinmu DK PDF MMU ရဲဘော် မောင်ကာက ပြောပါတယ်။ 

“ပိုက်ဆံထွက်ကောက်နေတဲ့ ၃ ဦးနေရာကို တည့်တည့်ကျတယ်။ ကျနော်တို့ရဲဘော်တွေက ထပ်ပြီး ဂန်းငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီ ၃ ဦးကတော့ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့‌ကောင်တွေလည်း ဒဏ်ရာရတာရှိတယ်။” လို့ ရဲဘော် မောင်ကာက ပြောပါတယ်။

အဲ့ဒီဂိတ်စခန်းမှာ စစ်ကောင်စီဘက်က အင်အား ၂၀ ဝန်းကျင်ရှိပြီး မြင်းမူမြို့ အထက ၁ ထဲမှာ တပ်စွဲထားတဲ့ စစ်သားတွေနဲ့ အလ္လကပ္ပရွာမှာအထိုင်ချထားတဲ့ စစ်သားတွေဖြစ်ကာ ဘယ်တပ်ကလဲဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ 

အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်လောက်ကြာပြီးနောက် စစ်အုပ်စုဘက်က အင်အားထပ်တိုးလာတဲ့အတွက် ကာကွယ်ရေးတပ်တွေက ကင်းပုန်းကိုမကျော်နိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ရဲဘော်မောင်ကာက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu (DK-PDF MMU)၊ မြင်းမူမြို့နယ် ပကဖ၊ (U.S.A.R) နဲ့ Standard Revolution Force - SRF MMU တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြင်းမူ #ခရီးသွားကား #ပိုက်ဆံတောင်း #စစ်အုပ်စု #တိုက်ခိုက်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10