ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့စစ်အုပ်စု ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၂ ဦးသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲ (ခ) ဘိုးမင်းကြီးကင်းလမ်းခွဲမှာ တပ်စွဲပြီး ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၇ ရက် မနက် ၆ နာရီ ၅ မိနစ်လောက်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက Fixed Wings ဒရုန်း ၃ စီးနဲ့ ဗုံး ၉ လုံးကြဲချခဲ့တာလို့ Standard Revolution Force - SRF MMU တာဝန်ခံက ပြောပါတယ်။ 

အဲဒီနေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သွားတွေက ခရီးသွားကားတွေကို ငွေတောင်းတာ၊ စိတ်မထင်သလို ရိုက်နှက်တာတွေပြုလုပ်တတ်ပြီး ကြေးနီတင်ကားတွေကို လုံခြုံရေးယူပေးနေတယ်လို့ သူကဆက်ပြောပါတယ်။

တပ်စွဲထားတဲ့ အင်အားဟာ ၃၀ ကျော်လောက်ရှိပြီး တပ်အပြောင်းအလဲလုပ်တဲ့အတွက် ဘယ်တပ်ရင်းက တပ်သားတွေဆိုတာကို မသိရဘဲ ဗုံးကြဲမှုမှာတော့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဗုံးကြဲချတိုက်ခိုက်မှုကိုတော့ Standard Revolution force(SRF -MMU)၊ PEACOCK DRONE TEAM-MYAUNG နဲ့ Justice Warrior Force မိုင်းမင်းသားတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #ဒရုန်း #ဗုံးကြဲတိုက်ခိုက် #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10