ချင်းတွင်းမြစ်ကြောင်းမှာ စစ်သင်္ဘော ၂ စီး စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဧရာဝတီမြစ်ကြောင်းက‌နေ ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၈၀ လိုက်ပါလာကြတဲ့ စစ်သင်္ဘော ၂ စီးကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ စစ်သင်္ဘော ၂ စီးကို  ဇူလိုင် ၅ ရက် ညနေ ၅ နာရီက ချင်းတွင်းမြစ်ကြောင်းမှာ ရှေ့ထွက်ပြောင်းအပါ စနိုက်ပါတွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Dynamice (Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဒီမိုကရေစီသရဲလေးက ပြောပါတယ်။

"စနိုက်ပါနဲ့ ပစ်ခတ်တာက ၂ ကောင်သေတယ်၊ ရှေ့တစီးမှာ ၁ ဦးသေပြီး နောက်တစီးက ၁ ဦးသေပါတယ်"လို့ တာဝန်ခံ ဒီမိုကရေစီသရဲလေးက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်နေတဲ့အချိန်မှာ စစ်သင်္ဘောပေါ်က ငါးကြင်းမြီးစက်လတ်၊ ပွိုင့်ဖိုက်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ စစ်သင်္ဘော ၂ စီးဟာ မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းမှာ ကပ်ထားပြီး ကြေးနီတင်နေတဲ့ ဖလက်သင်္ဘောနဲ့ အောက်ဘက်ကို ပြန်စုန်ဆင်းမယ်လို့ တာဝန်ခံ ဒီမိုကရေစီသရဲလေးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Chindwin Dynamice (Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅၊ တပ်ခွဲ ၃ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingyi)၊ Fighter Nine Forces (Salingyi) နဲ့ BNRAတပ်ရင်း ၃ ၊တပ်ခွဲ ၃ Royal Brother (မျက်လုံးစစ်ကြောင်း) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်  

#မြေလတ်အသံ

#ဆားလင်းကြီး #ချင်းတွင်းမြစ်ကြောင်း #စစ်သင်္ဘော #ပစ်ခတ် #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10