ချင်းတွင်းမြစ်မှာ စစ်ကောင်စီ အမြန်ရေယာဉ်တိုက်ခိုက်ခံရပြီး သေဆုံးမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အပိုင် ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကောင်စီအမြန်ရေယာဉ် ၁ စီးတိုက်ခိုက်ခံရပြီး သေဆုံးသူ ၇ ဦးရှိကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရသွားကြတယ်လို့ တိုက်ခိုက်ခဲ့တဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်က အဲဒီရေယာဉ်ဟာ မုံရွာမြို့ ၊ အုန်းပင်ဆိပ်ကနေ ဆင်ဖြူရှင်တံတားအထိ စစ်ကူသွားခေါ်ချိန် မနက်ပိုင်း ၉ နာရီခန့်ကနေ နေ့လယ် ၂ နာရီဝန်းကျင်အထိ ကာကွယ်ရေးအဖွဲ့တွေက အသွားအပြန် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

ရေယာဉ်ဟာ အသွားခရီးဖြစ်တဲ့ နံနက်ခင်းမှာလည်း တိုက်ခိုက်ခံရသလို အမြင့်မြို့ဟောင်းနဲ့ ကံကြီးကုန်းရွာတို့ကနေ ရဲ၊ စစ်သားတွေ ခေါပြီး မုံရွာဘက်ကိုအပြန်မှာလည်း ဆားလင်းကြီးနဲ့ မုံရွာအကြားမှာ တိုက်ခိုက်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီသေဆုံးအလောင်းတွေကို မုံရွာ နမခ ထဲမှာ သင်္ဂြိုဟ်လိုက်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

 

ဒီတိုက်ခိုက်မှုကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRAChindwin Fighter Group (CFG)၊ မုံရွာခရိုင်တပ်ရင်း (၁၀) Framers Revolution Force-3၊ ဗန္ဓုလနဲ့အဖွဲ့သားများ၊ Brave Heart Army (BHA) တို့က ပူးပေါင်းတိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

 

 

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ချင်းတွင်းမြစ် #မုံရွာ #စစ်ကောင်စီ #အမြန်ရေယာဉ် #စစ်ကူ #တိုက်ခိုက်ခံရ #တော်လှန်ရေးတပ်များ #BNRA #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10