ချောက်မြို့နယ်တော်လှန်အမျိုးသမီးအဖွဲ့ရဲ့ အိမ်တွင်းသပိတ်နဲ့ သန်းခေါင်စာရင်း ဆန့်ကျင်ရေးလှုပ်ရှားမှု

ချောက်မြို့နယ်တော်လှန်အမျိုးသမီးအဖွဲ့ရဲ့ အိမ်တွင်းသပိတ်နဲ့ သန်းခေါင်စာရင်း ဆန့်ကျင်ရေးလှုပ်ရှားမှု

မကွေးတိုင်း၊ ချောက်မြို့ပေါ်မှာ ချောက်မြို့နယ်တော်လှန်အမျိုးသမီးအဖွဲ့ဝင်တွေက အိမ်တွင်းဆီမီးသပိတ်ပြုလုပ်ပြီး စစ်ကောင်စီကောက်ခံနေတဲ့ သန်းခေါင်စာရင်းကိုလက်မခံကြောင်း စာရွက်တွေကိုပါ မြို့ရဲ့နေရာတချို့မှာ ကြဲဖြန့်ပြီး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

အောက်တိုဘာ ၁၇ ရက် မနက် ၄ နာရီလောက်မှာ စာတွေဖြန့်ခဲ့ပြီးနောက် နေ့လယ် ၂ နာရီလောက်မှာ အိမ်တွင်းသပိတ်ပြုလုပ်ခဲ့ကြတာပါ။ 

“စနစ်ကိုမကြိုက်လို့ တော်လှန်နေတာဖြစ်တာကြောင့် မရမချင်းတော်လှန်နေမယ်။ အမြင်မှန်တွေ ရသင့်ပြီ၊ စည်းလုံးသင့်နေပြီ။”လို့ ချောက်မြို့နယ် တော်လှန်အမျိုးသမီးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖြန့်ဝေတဲ့စာတွေထဲမှာ “မတရားဖမ်းဆီးစစ်မှုထမ်းခိုင်းခြင်းကို ချက်ချင်းရပ်ရန်၊ ငြိမ်နေတုန်းလား ချောက်သားများ၊ ကျွတ်မနေနဲ့ ကြုံးကြမယ်၊ ဘယ်လိုကောက်ကောက် အကျုံးမဝင်တာ သန်းခေါင်စာရင်း” စတဲ့စာသားတွေပါဝင်ပါတယ်။ 

အဲ့ဒီစာရွက်တွေကို ချောက်မြို့ပေါ်က သခင်ဖိုးလှကြီးကြေးရုပ်၊ ဘောလုံးကွင်းထောင့်၊ စျေးနဲ့ ရဲစခန်းလမ်းပေါ်၊ ငါးဘာသာကျောင်းနားနဲ့ ဆောက်လုပ်ရေးအဝိုင်းအနီး စတဲ့နေရာတွေမှာ ကြဲဖြန့်ခဲ့တာပါ။ 

တော်လှန်အမျိုးသမီးများအဖွဲ့ကို ၂၀၂၁ သြဂုတ် ၂၄ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများနေ့နဲ့ လူ့အခွင့်အရေးဆိုင်ရာနေ့တွေမှာ သပိတ်လှုပ်ရှားမှုတွေကို အဓိက လုပ်ဖြစ်တယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ချောက် #သပိတ် #ဆီမီး #အိမ်တွင်းသပိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10