ချောင်းဦးမှာ LPDF ရဲဘော် ၄ ဦး ပစ်သတ်ခံရ

ချောင်းဦးမှာ LPDF ရဲဘော် ၄ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငယှန်ကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်းမှာ LPDF အဖွဲ့တခုမှ ရဲဘော်တွေ ပစ်ခတ်ခံရတာကြောင့် ၄ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၇ ရက် ညနေ ၄ နာရီခန့်မှာ LPDF ရဲဘော်တွေရှိနေတဲ့နေရာကို စစ်ကောင်စီဘက်က အင်အား ၃၀ ကျော်ဟာ ကားတွေနဲ့ရောက်လာပြီး ပစ်ခတ်ခဲ့ကြတာလို့ဆိုပါတယ်။ 

"သူတို့ (LPDF) အဲ့လမ်းပိုင်း အဲ့နေရာမှာ အလှူငွေကောက်နေတာကြာပြီ။ သူတို့က အမြဲပုံမှန်လိုလို ရှိနေတော့ စကစ ဘက်ကလည်း ချောင်းနေတာဖြစ်မယ်။ မနေ့ကတော့ အလစ်ဝင် တိုက်ခိုက်ခဲ့ရတာ"လို့ ဒေသတွင်း PDF တွေနဲ့နီးစပ်သူ ဒေသခံတဦးကပြောပါတယ်။

သေဆုံးသွားတဲ့ LPDF အဖွဲ့ဝင်တွေဟာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်တွေဖြစ်ပြီး ဘယ်အဖွဲ့ကဖြစ်တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

အလောင်းတွေကတော့ မတ်လ ၈ ရက် ဒီမနက် ၁၀ နာရီလောက်ထိ ပစ်ခတ်ခံရတဲ့နေရာမှာဘဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ ငယှန်ကျေးရွာမှာ လမ်းပေါ်တက် ဆက်ကြေး ကောက်ခံနေတဲ့ PDF အဖွဲ့ကို ကျားဘီလူးစစ်ကြောင်းက သွားရောက်ရှင်းလင်းရာ PDF အလောင်း ၄ လောင်း၊ သေနတ် ၂ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည် ၈ ထောင့်သိမ်းဆည်းရမိတယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #ငယှန်ကျေးရွာ #LPDF #ပစ်ခတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10