ချောင်းဦးမှာ ကြေးနီကားတွေကို လုံခြုံရေးပေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

ချောင်းဦးမှာ ကြေးနီကားတွေကို လုံခြုံရေးပေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းရှိ ခင်မွန်ရွာ ဘက်စုံခြံအနီးမှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မုံရွာမြို့ကထွက်လာတဲ့ ကြေးနီတင်ကားတွေကို လုံခြုံရေးယူပေးတဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ဇူလိုင် ၁၀ ရက် မနက် ၆ နာရီခန့်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

" ၂ ဦးကတော့ သေတယ်။ ကျန်တဲ့သူတွေ ဒဏ်ရာရကြတယ်" လို့ Anyar Defense Force -အညာကာကွယ်ရေး အင်အားစုမှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာ ဖြစ်ပွားပြီး နောက်ထပ်စစ်ကောင်စီမော်တော်ယာဉ်တစီး ရောက်ရှိလာတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နောက်ပြန်ဆုတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်မှုပြီးတဲ့နောက်မှာတော့ စစ်ကောင်စီးကားတွေဟာ အလောင်းနဲ့ ဒဏ်ရာရသူတွေကို တင်ဆောင်ပြီး ကြေးနီတင်ကားတွေနဲ့အတူ မုံရွာမြို့ဘက်သို့ ပြန်လည်မောင်းနှင်သွားတယ်လို့ သိရပါတယ်။ 

အထက်ပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၃၈  ဦးဆောင်မူနဲ့အတူ Anyar Defense Force -အညာ ကာကွယ်ရေးအင်းအားစု၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ တပ်ရင်း ၁၅ နဲ့ သပြေညိုုပြောက်ကျားတပ်ဖွဲ့တို့က ပူပေါင်း ပါဝင်ခဲ့ကြတာလို့ သိရပါတယ်။ 

ဓာတ်ပုံ - Anyar Defense Force။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ချောင်းဦးမြို့ #မုံရွာ #မန္တလေး #ခင်မွန်ရွာ #ကြေးနီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10