ချောင်းဦး ကံကြီးကုန်းပျူစောထီးရွာကို PDF တွေ ၂ ရက်ဆက်တိုက်ခိုက် ၇ ဦးသေဆုံးဟု ဆို (ရုပ် /သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင်းက အင်အား ၁၀၀ ကျော်ရှိတဲ့ ကံကြီးကုန်း ပျူစောထီးရွာကို PDF ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ၄၀ မမ၊ ၈၀ မမ တွေနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ Monywa Inventor အဖွဲ့က တိုက်ခိုက်ရေးခေါင်းဆောင် မိုးသောက်က ပြောပါတယ်။

ကံကြီးကုန်းပျူစောထီးရွာကို ၄၀ မမ ဗုံးသီး ၁၅ လုံးနဲ့ ၈၀ မမ ဗုံးသီး ၅ လုံး နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ပျူစောထီးရွာဘက်က ၇ ဦးသေဆုံးခဲ့တယ်လို့ Monywa Inventor အဖွဲ့က တိုက်ခိုက်ရေးခေါင်းဆောင် မိုးသောက်က ပြောပါတယ်။

နှစ်ရက်တာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က မုံရွာမြို့ မအူဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူတာတွေ လုပ်ပေမယ့် ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က အထိအခိုက်မရှိဘူးလို့လည်း ဆိုပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကို Monywa Inventor၊ TRIPLE TWO နဲ့ မျိုးဆက်သစ်၊ ဒေါင်းရာဇာ စတဲ့ ကာကွယ်ရေးတပ်ဖွဲ့လေးဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိ ကံကြီးကုန်းပျူစောထီးရွာမှာတော့ ငြိမ်သက်နေတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ချောင်းဦး #ကံကြီးကုန်း #ပျူစောထီးရွာ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10