ခြင်ဆေးထွန်းထားရာမှ မီးလောင်လို့ နေအိမ်နဲ့ နွားတင်းကုပ်ပျက်စီး

ခြင်ဆေးထွန်းထားရာမှ မီးလောင်လို့ နေအိမ်နဲ့ နွားတင်းကုပ်ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ကာယားကျေးရွာမှာ နွားတင်းကုပ် ခြင်ဆေးထွန်းထားရာမှ မီးလောင်လို့ နေအိမ်နဲ့ နွားတင်းကုပ်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၈ ရက် မနက် ၁ နာရီ မိနစ် ၄၀ ခန့်မှာ ဦးရာကစ် အသက် ၅၀ ကျော်ရဲ့ နွားတင်းကုပ်မှာ ခြင်ဆေးထွန်းထားရာမှ  မီးလောင်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

"ညဘက် နွားတွေကို စောင့်အိပ်ကြတယ်လို့ သိရတယ်။ လူတွေက ခြင်ကိုက်မှာ စိုးလို့ ခြင်ဆေးထွန်းထားရာကနေ ကောက်ရိုးတွေကို မီးလောင်ပြီး အိမ်တွေပါ ကူးကုန်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်လို့ ဦးရာကစ်ပိုင်နေအိမ် ၁ လုံး၊ နွားတင်းကုပ် ၂ လုံးနဲ့ ကောက်ရိုးတွေမီးလောင်လို့ ကျပ်သိန်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး နွားနဲ့လူတွေကတော့ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

မီးလောင်ရာနေရာကို ဖြူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးလောင်ပြီး ၁ နာရီခန့်အကြာမှာ မီးငြိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ဦးရာကစ်ကိုတော့ ဖြူးရဲစခန်းကနေ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မစျေးမီးလောင်လို့ ဆိုင်ခန်း ၅၀ ကျော်နဲ့ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ဖြူးမြို့ #ညောင်ကာယားကျေးရွာ #နွားတင်းကုပ် #မီးလောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10