သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်းပိုင်းမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့စခန်းတခုကို ကာကွယ်ရေးတပ်တွေက သိမ်းထားနိုင်တယ်လို့ မြေပြင်တိုက်ခိုက်ရေးမှာပါဝင်တဲ့ ရဲဘော်တဦးက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်တောင်ပိုင်း မြစ်သာဆည်တမံပေါ်မှာတပ်စွဲထားတဲ့ အဆိုပါစစ်ကောင်စီစခန်းကို သိမ်းနိုင်ဖို့ ဒီဇင်ဘာ ၁၈ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက် ၈ နာရီလောက်မှ သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့(စစ်ကောင်စီ)တွေ မြစ်သာဆည်တမံပေါ်မှာ တပ်စွဲထားတာ ၁ နှစ်ကျော်လောက်ရှိပြီ။ ကျနော်တို့တွေ အဲ့ဒီစခန်းကိုရဖို့ ၁၈ ရက် ၁၉ ရက်နေ့အထိတိုက်တယ်။ ၂၀ ရက်နေ့မှာနားတယ်။ ဒီနေ့မှာထပ်ပြီးတိုက်တော့ သိမ်းနိုင်ခဲ့တယ်။" လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တဦးက ပြောပါတယ်။
အဲ့ဒီစခန်းမှာ ခလရ ၅၀ ကစစ်သားနဲ့ ရဲတပ်သား ၅၀ လောက်က ၂၀၂၂ ခုနှစ်ကတည်းက တပ်စွဲထားကြတာလို့ သိရပါတယ်။
တိုက်ခိုက်နေချိန်အတွင်း ဒီမနက် ၇ နာရီလောက်မှာ ဂျက်ဖိုက်တာ ၃ စီး နဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်ကို စစ်အုပ်စုက လေကြောင်းပစ်ခတ်မှုပြုုလုပ်ခဲ့ပါသေးတယ်။
တိုက်ပွဲအတွင်း ၂ ဖက်ထိခိုက်သေဆုံးမှုတွေရှိပေမဲ့ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်နေသေးတဲ့အတွက် သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးပါဘူး။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဂန့်ဂေါ #စခန်းသိမ်း #တိုက်ပွဲ #သတင်း #မြေလတ်သတင်း #မြစ်သာဆည် #သတင်း #မြေလတ်သတင်း
Share Share Share