ဂန့်ဂေါမှာ စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ်တဦး ပစ်ခတ်ခံရပြီး သေဆုံး

ဂန့်ဂေါမှာ စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ်တဦး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခရမ်းကျေးရွာ ရဲစခန်းမှာ တာဝန်ကျနေတဲ့ စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ်တဦး မေလ ၁၁ ရက် မနက်၈နာရီကျော်က သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

သေဆုံးခဲ့သူမှာ ဒုအရာခံဗိုလ်သိန်းဇော် ဖြစ်ပြီး လက်ဖက်ရည်ဆိုင်ကနေ ရဲစခန်းကိုဆိုင်ကယ်စီးပြန်လာချိန် ရဲစခန်းနဲ့မီတာ၂၀၀ အကွာအရောက်မှာ မြို့နယ်ပကဖတပ်ဖွဲ့တွေက သေနတ်နဲ့ ၇ ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဂန့်ဂေါခရိုင်အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူတဦး ကပြောပါတယ်။


"သိန်းဇော်က ပွဲချင်းပြီးသေတယ်။ သူစီးလာတဲ့ ဆိုင်ကယ်ကိုသိမ်းယူခဲ့တယ်။ သူကရွာကပြည်သူတွေကို ငွေညစ်တာတွေလုပ်တယ်။ ပြီးတော့ သူတို့အချင်းချင်းလည်း မတည့်ကြဘူး။ အဲဒါကို အတွင်းကသတင်းပေးလို့ ပကဖတွေကသွားပြီး ရှင်းလင်းခဲ့တာပါ။ သူ့ဆီမှာလက်နက်ကတော့ မပါလို့မရခဲ့ဘူးဗျ" လို့ ဆိုပါတယ်။

ဒုအရာခံဗိုလ်သိန်းဇော်ရဲ့အလောင်းကိုတော့ ပစ်ခတ်ခံရတဲ့နေ့၊ နေ့လည် ၃ နာရီကျော် မီးသင်္ဂြိုလ်နေတုန်းမှာ ဂန့်ဂေါမြို့နယ်ပကဖတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့အလောင်းကို မီးမလောင်ကျွမ်းသေးဘဲထားကာ ထွက်ပြေးသွားခဲ့ကြတယ်လို့ ပြောပါတယ်။

သိန်းဇော်ပစ်ခတ်ခံရပြီးနောက် တောင်ခရမ်းကျေးရွာက အသက် ၃၀ ကျော်အရွယ် အထည်ချုပ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးတို့ ဖမ်းဆီးခံရပြီး ယနေ့ မေလ ၁၂ ရက်အထိပြန်မလွတ်သေးဘဲ ရဲစခန်းထဲမှာပဲ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ပုံစာ-ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ ဒုအရာခံဗိုလ်သိန်းဇော်နဲ့ မောင်းနှင်လာတဲ့ဆိုင်ကယ်

စာတည်း-007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10