ဂျန်မာသုံးတဲ့ စစ်ကောင်စီတပ်ကို မီးပျက်ချိန် ဒရုန်းနဲ့တိုက်ခိုက်လို့ ၂ ဦးဒဏ်ရာရ

ဂျန်မာသုံးတဲ့ စစ်ကောင်စီတပ်ကို မီးပျက်ချိန် ဒရုန်းနဲ့တိုက်ခိုက်လို့ ၂ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-မြိုင်သွားလမ်းမပေါ် အင်ပင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၁ ရက် မနေ့နေ့လည် ၁၂ နာရီလောက်မှာ ဒရုန်းဗုံး ၃ လုံး ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဟာ ရေဒီယိုလှိုင်းဖြတ်တဲ့ ဂျန်မာစက်တွေ အသုံးပြုထားပေမယ့် မီးပျက်နေချိန် တိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦးအတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Royal Defence Force MYG တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။


"ပုံမှန်ဆို ဒီကောင်တွေဆီမှာ ဂျန်မာ(ရေဒီယိုလှိုင်းဖြတ်စက်) ရှိတယ်။ အဲ့တာတွေဖွင့်ထားရင် သူတို့နေရာတွေကို ဒရုန်းပျံလို့ မရဘူး။ မနေ့က ပခုက္ကူဘက်မှာ မီးလိုင်းပျက်နေတုန်းရှိတဲ့ ဂျန်ပါတွေ အလုပ်မလုပ်ချိန်မှာ ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာ။ တပ်စွဲနေတဲ့အဆောက်အဦးထဲကွဲလို့ ၂ ယောက် ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ပခုက္ကူ-မြိုင်လမ်းပိုင်းမှာ တပ်စွဲထားတာ ၅ လကျော်ရှိပြီဖြစ်ပြီး လမ်းအသုံးပြုတဲ့ကားတွေနဲ့ လမ်းသွားလမ်းလာ ဒေသခံတွေဆီကနေ စစ်ဆေးရေးအကြောင်းပြ ငွေတောင်းခံတာတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း အင်ပင်ကျေးရွာက စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10