ငဖဲမှာ ကင်းပတ်ထွက်လာတဲ့စစ်သားတွေ တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး၊ သေနတ် ၁ လက်ရ

ငဖဲမှာ ကင်းပတ်ထွက်လာတဲ့စစ်သားတွေ တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး၊ သေနတ် ၁ လက်ရ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာအနီး လက်ဖက်ခြံကုန်းပေါ်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Asho Chin Defense Force - ACDF တပ်ဖွဲ့က ဩဂုတ် ၂၆ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၉ ရက် မနက် ၁၁ နာရီခန့်မှာ မင်းဘူး-အမ်းကားလမ်းပေါ်ရှိ လက်ဖက်ခြံနဲ့တုံးကြီးရွာလမ်းဆုံအကြားမှ လင်းတဲကျေးရွာဘက်ကို ကင်းပတ်ထွက်လာတဲ့ အင်အား ၂၀ ခန့်ပါ စစ်ကြောင်းနဲ့ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

" ကင်းထွက်လာတာနဲ့ ရုတ်တရက် တိုက်ပွဲဖြစ်ခဲ့တာပါ။ ကျနော်တို့ရှေ့မှာပဲ စစ်သား ၂ ဦးသေတယ်။" လို့ ACDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊ MA 3 သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ပြီး သေဆုံးစစ်သား ၂ ဦးကို  စစ်ကောင်စီတပ်က ဆွဲယူထမ်းပိုးဆုတ်ခွာသွားခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

အခုလိုတိုက်ခိုက်ရာမှာ အရှိုချင်းကာကွယ်ရေးတပ် ACDF၊ လူ့ဘောင်သစ်တပ်မတော် NSA ၊ပြည်သူ့ လွတ်လပ်ရေးတပ်မတော် PIA တို့ပူးပေါင်းတိုက် ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေလုံခြုံရေးအရ သြဂုတ် ၂၆ ရက်နေ့မှ သတင်းထုတ်ပြန်တာလို့ ဆိုပါတယ်။

ပုံစာ - တိုက်ပွဲဖြစ်ပွားရာနေရာနှင့် သိမ်းဆည်းရရှိသည့် သေနတ်ကိုတွေ့စဥ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ငဖဲ #တိုက်ပွဲ #စစ်တပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10